ဇာတ်ကားများ ရွေးရန်

The Balconettes

2024ဇာတ်ကားWeb-dl 1080p

Balcony (လသာဆောင်)ကနေ ကြည့်နေပြီး ကိုယ်တိုင်လှုပ်ရှားတာထက် သူများကို မှတ်ချက်ပေးပြီး ဘဝကို ဖြတ်သန်းနေတဲ့အကြောင်းကို သရော်ထားတဲ့ Dark Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ပါ။ Social Media မှာ Spectator ဖြစ်နေတာကို ဆက်စပ်သရော်ထားပါတယ်။ ပြင်သစ်နိုင်ငံမှာ အပူလှိုင်းဖြတ်နေစဉ်အတွင်း Marseille မြို့လေးက သူငယ်ချင်း မိန်းကလေးသုံးယောက်အကြောင်းကို သရုပ်ဖော်ထားတာပါ။ ရူဘီက social media မှာအစွန်းရောက်ဖျော်ဖြေချင်တဲ့သူ၊ နီကိုးလ်က စာရေးဆရာ၊ အယ်လိစ်က သရုပ်ဆောင်...သူတို့သုံးယောက်က ပူနေတုန်း တစ်အိမ်ထဲမှာလာစုပြီး မျက်နှာချင်းဆိုင်အိမ်က ယောကျာ်းကို လသာဆောင်ပေါ်ကနေ စပ်စုတွတ်ထိုးနေကြတာပါ။ ဒီလိုနဲ့ အဲဒီယောကျာ်းနဲ့ခင်သွားရာကနေ သူ့အိမ်ကို အလည်သွားပြီး ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးနဲ့ကြုံရမှာပါ။ အကြောင်းရင်းမသိဘဲ ဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ဘဝကိုပြောင်းလဲစေမယ့် အတွေးတွေဝင်လာတာကိုပါ မြင်ရပါမယ်။ ပြင်သစ်ကားတွေထုံးစံအတိုင်း nude scenes တွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း