Fixed
အာဝုအထီးလေးတွေရဲ့ အိပ်မက်ဆိုးက ဘာဖြစ်မလဲ။ ဝှေးသင်းခံရမှာ ကြောက်တာပါ။ ဇာတ်လမ်းကတော့ ဘူးလ်ဆိုတဲ့ ခွေးလေးက ဝှေးသင်းခံရမှာကြောက်တဲ့စိတ်ကြောင့် သူ့သခင်တွေ အိမ်ကနေ ထွက်ပြေးသွားပါတော့တယ်။ ဘူးလ်က အိမ်မှာရှိတဲ့ ဖွားအေလုပ်သူရဲ့ ခြေထောက်ကိုဖက်ပြီး မကြာခဏဆိုသလို မဖွယ်မရာပြုတဲ့အတွက် ဘူးလ်ရဲ့ သခင်က ဒီလိုဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်ပါတယ်။ ဘူးလ်ဘက်ကကြည့်ရင်တော့ သူကလူပျိုကြီး.... အဲ... ခွေးပျိုကြီးပဲ ဖြစ်နေသေးကာ သူ့အိမ်ဘေးက ခွေးမလေးကိုလည်း ကျိတ်ကြိုက်နေပါသေးတယ်။ ဖြစ်ချင်ရာဖြစ် ငါတော့ ဝှေးသင်းမခံနိုင်ဘူးဟေ့ ဆိုပြီး ထွက်ပြေးတာမှာ သူ့သူငယ်ချင်း သုံးကောင်ကလည်း သူနဲ့အတူတူ လိုက်ပါလာကြပါတော့တယ်။ မြို့ထဲလျှောက်သွားရင်း ကြောင်တွေ ခြောက်ချက်ကုတ်တာခံရ၊ တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ဖမ်းတာခံရနဲ့ ဘူးလ်တို့တသိုက်ရဲ့ စွန့်စားခန်းကို ရှုစားကြည့်ပေးပါဦး။ အန်နီမေးရှင်းဖြစ်ပေမယ့်လို့ ပြကွက်တွေကြောင့်ရော အသုံးအနှုန်းကြောင့်ရော ကလေးငယ်တွေ မကြည့်သင့်ပါဘူး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း