ဇာတ်ကားများ ရွေးရန်

Children...

2011ဇာတ်ကားWeb-dl 1080p

ရင်နင့်စရာကောင်းတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး IMDb Rate 7.1အထိ ရရှိထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. ဒယ်ဂူဆိုတဲ့ နယ်လေးမှာ နေတဲ့ ကလေးငါးယောက်ဟာ ကင်းလိပ်ချောဖမ်းဖို့ဆိုပြီး နံနက်စောစော ထွက်သွားပေမဲ့ ပြန်မလာဘဲ ပျောက်သွားခဲ့တော့ မိဘတွေခမျာ ရင်ထုမနာဖြစ်ရင်း အလုပ်အပျက်ခံ၊ မိသားစုအပျက်ခံပြီး ကလေးတွေကို လိုက်ရှာရပါတော့တယ်။ အယောက်သုံးသိန်းကျော် လိုက်ရှာပေးပေမဲ့ လုံးဝကို ဘာသဲလွန်စမှ ရှာမတွေ့ခဲ့လို့ လက်လျှော့ခဲ့ရတာ ၄နှစ်ကျော်လာချိန်မှာပဲ အမ်ဘီအက်စ် ဆိုးလ်ရဲ့ ထုတ်လုပ်သူဂန်(Park Yong Woo)ဟာ အမှားတစ်ခုလုပ်မိပြီး ဒယ်ဂူဆီ လွင့်လာပါတယ်။ ထုတ်လုပ်သူဂန်ဟာ သူ ဆိုးလ်ကို ပြန်ဖို့ အောင်မြင်မဲ့ အမှုကြီးကြီးကို ရှာရင်း ကလေး ၅ ယောက် ပျောက်ဆုံးမှုကို အစတုန်းက သိပ်စိတ်မဝင်စားခဲ့ပေမဲ့ အမျိုးသားတက္ကသိုလ်ရဲ့ ပါမောက္ခဟွမ်(Ryu Seung Ryong)ဆီကနေ ထပ်မံဆက်စပ်မိချိန်မှာတော့ လုံးဝ စိတ်ဝင်စားသွားပြီး ပါမောက္ခဟွမ်နဲ့အတူ အမှုစုံစမ်းကြပါတော့တယ်။ သူတို့နှစ်ယောက်ဟာ ကလေးမိဘတစ်ယောက်ကို လူသတ်သမားလို့ သံသယဝင်ပြီး အိမ်အနှံ့တူးရှာခဲ့ပေမဲ့ အလွဲကြီးလွဲသွားခဲ့ပါလေရော။ အဲဒီလိုနဲ့ပဲ ဆယ်စုနှစ်တစ်ခု ကျော်လာချိန်မှာ ထုတ်လုပ်သူဂန်ဟာ ဒီအမှုကို တစ်ခါထပ်လိုက်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ပါမောက္ခဟွမ်နဲ့ မပေါင်းဘဲ အရင်တုန်းက ကူပေးဖူးတဲ့ စုံထောက်ဘတ်(Sung Dong Il)နဲ့ ပေါင်းစုံစမ်းပါတော့တယ်။ ထုတ်လုပ်သူဂန်တို့ တကယ်ပဲ ကလေးတွေရဲ့အကြွင်းအကျန်ကို ရှာတွေ့သွားမှာလား၊ လူသတ်သမားကိုရော ရှာတွေ့သွားမှာလား၊ ကလေးတွေကရော ဘယ်ကနေ ဘယ်လို အသတ်ခံရလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် တင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း