ဇာတ်ကားများ ရွေးရန်

Bait

2025ဇာတ်ကားWeb-dl 1080p

အမျိုးအမည်မသိတဲ့ Monster Horror ကားဖြစ်ပြီး ဒီကောင်ကြီးနဲ့ အသက်လုရင်ဆိုင်ရတဲ့ မိသားစုရဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ကြည့်ရမှာပါ။ ဒရူးတို့လင်မယားနဲ့ ကလေးနှစ်ယောက်ဟာ မိသားစုတွေ့ဆုံပွဲအတွက် ဇနီးဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒီဒေသတစ်ဝိုက်မှာ လူစိမ်းတွေ လမ်းအလွယ်တကူ ပျောက်တတ်ပြီး အာဏာပိုင်တွေကလည်း ဘာမှ ထိထိရောက်ရောက်မလုပ်ပေးပါဘူး။ ဒရူးတို့မိသားစုလည်း လမ်းပျောက်လို့ စမ်းတဝါးဝါးသွားရင်းကနေ ကားအက်ဆီးဒင့် ဖြစ်ပါတယ်။ သူတို့သတိရလာတဲ့အခါမှာတော့ ဘယ်မှန်းမသိတဲ့နေရာမှာ ချုပ်နှောင်ခံရပြီး မျက်နှာဖုံးစွပ်လူက မကောင်းဆိုးဝါးကို လူသားအရှင်လတ်လတ် ဖမ်းကျွေးတဲ့ အဖြစ်ကြီးနဲ့ ရင်ဆိုင်ရပါတယ်။ ဒီသတ္တဝါအတွက် သားကောင်ဖြစ်နေတဲ့ သူတို့မိသားစု ကြောက်စရာအန္တရာယ်ကနေ လွတ်မြောက်ဖို့ ကြိုးစားတာကို အဆုံးထိ အားပေးလိုက်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း