ဇာတ်ကားများ ရွေးရန်

23 Iravai Moodu

2025ဇာတ်ကားWeb-dl 1080p

အိန္ဒိယနိုင်ငံရဲ့ အစဉ်အလာအရ ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြားကြပုံကိုရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အဓိက အမှုကြီးသုံးမှုဖြစ်ခဲ့တယ်။ ပထမအမှုက ဇာတ်နိမ့်တွေကို ဇာတ်မြင့်တွေက အစုလိုက်အပြုံလိုက်သတ်တဲ့အမှု။ ဒုတိယက ဆာဂါဆိုတဲ့သူက သူ့အခက်အခဲကိုဖြေရှင်းဖို့ မတက်သာတဲ့အဆုံး သူငယ်ချင်းဒက်စ်နဲ့ ပေါင်းပြီး ဘက်စ်ကားကို ဓါးပြတိုက်တာ မရည်ရွယ်ဘဲ ဘက်စ်ကားမီးလောင်ပြီး ကားပေါ်ကလူတွေ အများကြီး သေဆုံးမှု။ တတိယအမှုက ရန်သူကို ကလဲ့စားချေဖို့ ဗုံးထောင်တာ အပြစ်မဲ့ပြည်သူ အများကြီးသေဆုံးသွားမှု။ ဒီထဲမှာ အဓိကမင်းသားကတော့ ဒုတိယအမှုက ဆာဂါပါ။ မရည်ရွယ်ပဲ ဖြစ်သွားပေမယ့် ပြည်သူတွေရဲ့နာကြဉ်းမှုကြောင့် သေဒဏ်ပေးဖို့ စီရင်ချက်ချခံလိုက်ချိန်မှာ ဆာဂါ့ကို ဘယ်သူတွေက ကူညီမှာလဲ။ နောက်ဆုံးမှာ တကယ်ပဲ သူငယ်ချင်းနှစ်ယောက်လုံး သေဒဏ်ပေးခံရမှာလား ဆိုတာကို သနားစဖွယ်ကြည့်ရမယ့် တကယ့်ကို မျက်ရည်ခြူတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆာဂါအဖြစ် အိန္ဒိယဒါရိုက်တာTeja၊ ဆူစီလာအဖြစ် မင်းသမီး Tanmai နဲ့ သူငယ်ချင်း ဒက်စ်အဖြစ် မင်းသား Pawon Ramesh တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း