ဇာတ်ကားများ ရွေးရန်

Elio

2025ဇာတ်ကားWeb-dl 1080p

အယ်လီယိုဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကောင်လေးဟာ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့အတွက် အော်ဂါဆိုတဲ့ အဒေါ်ဖြစ်သူနဲ့ပဲ ကြီးပြင်းလာခဲ့ရတာ ဖြစ်တယ်။ အော်ဂါက အာကာသယာဉ်မှူးဖြစ်ချင်တဲ့အိပ်မက်ကို တူလေးအတွက်စွန့်လွှတ်ခဲ့ရတယ်ဆိုတာကို သိနေတဲ့အယ်လီယိုက သူ့ကိုယ်သူ သူ့အဒေါ်ရဲ့ဘဝတက်လမ်းကို ပိတ်ဆို့နေတဲ့ အတားအဆီးတစ်ခုလို့သာ မြင်နေတော့တယ်။ ဒီတော့ သူကဂြိုဟ်သားတွေ သူ့ကိုလာခေါ်သွားဖို့အတွက် ကျောင်းလစ်ပြီးတော့တောင် ကမ်းခြေမှာ တစ်ယောက်တည်းထိုင်စောင့်နေတဲ့အထိ လုပ်တတ်တယ်။ တစ်နေ့မှာတော့ သူ့ရဲ့ဆန္ဒတွေက ပြည့်မြောက်သွားတယ်။ ကွန်မြူနီဗာ့စ်ဆိုတဲ့ အဖွဲ့အစည်းကဂြိုဟ်သားတွေက သူ့ကိုတကယ်ပဲ လာခေါ်ကြတယ်။ ပြဿနာက သူ့ကိုလာခေါ်တဲ့ ဂြိုဟ်သားတွေက သူ့ကိုကမ္ဘာ့ဂြိုဟ်ရဲ့ ခေါင်းဆောင်လို့ ထင်နေကြတာပဲ။ သူက ကလေးငယ်လေးဆိုတာကို ဘယ်သူမှမသိကြဘဲ သူတို့အဖွဲ့ကို လာရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဘီလူးကြီးနဲ့ သံခင်းတမန်ခင်း ညှိနှိုင်းမှုပြုဖို့ စေလွှတ်လိုက်တဲ့အခါ ...။ ဒီရုပ်ရှင်က အပြုသဘောဆန်တဲ့မှတ်ချက်ကောင်းတွေ ရထားသော်ငြား ရုံတင်ဝင်ငွေကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ IMDb အနေနဲ့က ၆.၉ လောက်ရထားပြီး ခရမ်းချဉ်သီးပုပ်မှာကတော့ ၈၉% ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း