Cadaver
ရင်တမမနဲ့ ကြည့်ရှုရမဲ့ မှုခင်းဇာတ်လမ်းကောင်းတစ်ကားဖြစ်တဲ့ "Cadaver" က ထောင်ထဲမှာ တစ်သက်တစ်ကျွန်းကျနေတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ စကားတစ်ခွန်းကနေ အစပြုလာပါတယ်။ မြို့ရဲ့နာမည်ကြီး နှလုံးအထူးကုဆရာဝန်ကြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားလာချိန်မှာ ထောင်ထဲက အကျဉ်းသားက သူသတ်တာပါလို့ ဝန်ခံလိုက်ပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ် ဘယ်သူတွေကို ဆက်သတ်မလဲဆိုတာကိုပါ နံရံပေါ်မှာ ပုံတွေဆွဲပြီး ဗြောင်ကျကျ စိန်ခေါ်လိုက်တဲ့အခါမှာတော့ ရဲတပ်ဖွဲ့အတွက် ခေါင်းခဲစရာဖြစ်လာပါတော့တယ်။ ထောင်ထဲကနေ ဘယ်လိုနည်းနဲ့ လူသတ်မှုတွေ ကျူးလွန်နေတာလဲ? သူ့ကို ဘယ်သူတွေက ကူညီပေးနေတာလဲ? ဒါမှမဟုတ် တကယ့်လူသတ်သမားက နောက်ကွယ်မှာ ရှိနေသေးလား? ဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းက တစ်စစနဲ့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ မှုခင်းဆေးပညာရှင်မလေးတစ်ယောက်က ဒီအမှုကို ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပြီး အဖြေရှာဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ လူသတ်မှုတွေရဲ့ နောက်ကွယ်က ဘယ်သူမှမထင်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ဖမ်းစားသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း