F1: The Movie
"F1" ရုပ်ရှင်ဟာ ပြိုင်ကားပရိသတ်တွေအပြင် ရုပ်ရှင်ချစ်သူတွေပါ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ နာမည်ကျော် မင်းသားကြီး Brad Pitt လည်း ပါဝင်ထားပြီး "Top Gun: Maverick" လို အောင်မြင်တဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joseph Kosinski က တာဝန်ယူထားတာကြောင့် မြင်ကွင်းပိုင်းနဲ့ အသံပိုင်းမှာကတော့ ထိပ်တန်းအဆင့်ပါပဲ။ နာမည်ကျော် ဖော်မြူလာဝမ်း ဒရိုင်ဘာ Lewis Hamilton ကိုယ်တိုင် ပါဝင်ထုတ်လုပ်ထားတာကြောင့် ပြိုင်ကားလောကရဲ့ အတွင်းကျကျ အကြောင်းအရာတွေကို ပိုမိုပီပြင်စွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၉၀ ခုနှစ်တွေတုန်းက နာမည်ကြီးခဲ့ပေမယ့် ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုကြောင့် အနားယူခဲ့ရတဲ့ ဖော်မြူလာဝမ်း ဒရိုင်ဘာဟောင်း ဆန်နီဟေးစ် (Brad Pitt) တစ်ယောက် နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ပြိုင်ကားလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာပါတယ်။ သူ့ရဲ့တာဝန်ကတော့ အင်အားနည်းပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးနေတဲ့ အေပက်စ်ဂျီပီ အသင်းက တက်သစ်စ လူငယ်ဒရိုင်ဘာ ဂျော့ရှ်ဝါပီရာ (Damson Idris) ကို အကြံပေး၊ လမ်းညွှန်ပေးဖို့နဲ့ သူ့ရဲ့အသင်းဖော် ဖြစ်ပေးဖို့ပါပဲ။ မျိုးဆက်ဟောင်းရဲ့ အတွေ့အကြုံနဲ့ မျိုးဆက်သစ်ရဲ့ ထက်သန်တဲ့စိတ်ဓာတ်ကြားက ပေါင်းစပ်မှုကို ဇာတ်လမ်းမှာ မြင်တွေ့ရမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ ပြိုင်ဘက်တွေအဖြစ်ရော၊ အသင်းဖော်တွေအဖြစ်ပါ စိန်ခေါ်မှုများစွာကို အတူတကွ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ကွင်းပေါ်က အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေအပြင် အသင်းအဖွဲ့အတွင်းက ဒရာမာတွေ၊ ကိုယ်ပိုင်ဘဝရဲ့ ခက်ခဲမှုတွေကိုပါ လက်တွေ့ကျကျ ပုံဖော်ထားတာကြောင့် စိတ်လှုပ်ရှားစရာ ပြိုင်ကားဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာမှာပါ။ ပြိုင်ကားတွေရဲ့ အမြန်နှုန်း၊ စက်သံတွေရဲ့ ကျယ်လောင်မှုနဲ့အတူ လူသားဆန်တဲ့ ဒရမ်မာဇာတ်လမ်းကို ခံစားချင်သူတွေအတွက် "F1" ရုပ်ရှင်ဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်လာမှာ သေချာပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း