ဇာတ်ကားများ ရွေးရန်

Endless Rain

2021ဇာတ်ကားWeb-dl 1080p

လူတော်တော်များများမှာ ငယ်ဘဝက အချစ်ဦးတော့ရှိကြလောက်မှာပါ။ ဒီကားလေးကတော့ ငယ်ငယ်ကအချစ်ဦးကိုစောင့်နေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့အကြောင်းလေးပါ။IMDb 6.7အထိရထားပြီး Kang Haneulက ပါဝင်သရုပ်ဆောင်ထားတာမလို့ အများကြီးညွှန်းစရာလိုမယ်မထင်ပါဘူး။ ဇာတ်ကားလေးကြည့်ရင်း အဆုံးမှာ လွမ်းစရာခံစားချက်လေးတစ်ခု ကျန်ရစ်ခဲ့မှာတော့ အသေအချာပါပဲ။ ယောင်းဟိုဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ကအားကစားပွဲမှာ လက်ကိုင်ပဝါလာပေးခဲ့တဲ့ ဂုံဆိုယွန်းဆိုတဲ့ကောင်မလေးကို သဘောကျသွားခဲ့ပါတယ်။ ကောင်မလေးကျောင်းပြောင်းသွားလို့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ကျောင်းကဆရာမဟောင်းကို အကူအညီတောင်းကာ ကောင်မလေးပြောင်းသွားတဲ့မြို့ကို စုံစမ်းခဲ့ပါတယ်။ ဘူဆန်မြို့ကိုပြောင်းသွားတဲ့ကောင်မလေးကို စာတွေပို့ရင်း သူတို့ကြားမှာ သံယောဇဉ်တွေ တဖြည်းဖြည်းတွယ်လာပါတော့တယ်။ ကောင်မလေးက ငယ်ငယ်ကတည်းက ရောဂါရှိနေပြီး လက်ရှိအချိန်မှာတောင် မထနိုင်တာမလို့ ညီမဖြစ်သူကပဲ စာတွေရေးပေးခဲ့ရပါတယ်။ ရောဂါသည်ကောင်မလေးနဲ့ အချစ်ရူးယောင်းဟိုရဲ့ဇာတ်လမ်းလေးက ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း