ဇာတ်ကားများ ရွေးရန်

Maa

2025ဇာတ်ကားWeb-dl 4K SDR

ဒီဇာတ်ကားလေးကတော့ ကျိန်စာသင့်ဒဏ္ဍာရီလာဇာတ်လမ်းတစ်ပုဒ်က မျက်မှောက်ခေတ်အထိ သက်ရောက်နေတဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာတစ်ရွာမှာ မကောင်းဆိုးဝါးကြီးရဲ့မျိုးဆက်မပြန့်ပွားဖို့ ရှုဗန်ကာမိသားစုမှာ မိန်းကလေးမွေးရင် သတ်ပစ်ရတဲ့အစဉ်အလာဟာ ထိုမိသားစုအတွက် ကျိန်စာတစ်ခု ဖြစ်ခဲ့ပါတယ်။ အမ်ဘီကာရဲ့ယောက်ျား ရှုဗန်ကာဒက်ဂုတာက ထိုမိသားစုဝင်တစ်ယောက်ဖြစ်ပြီး သူတို့က ရွှယ်တာဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ သူတို့က ထိုရွာနဲ့ဝေးတဲ့မြို့တစ်ခုမှာ အခြေချပြီး သမီးမွေးတာကိုလည်း ဘယ်သူ့ကိုမှ မပြောပြထားပဲ အစဉ်အလာကိုချိုးဖောက်ပြီး ကျိန်စာကို ရှောင်လွှဲနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ထိုရွာကို သမီးလေးကိုဘယ်တော့မှခေါ်မသွားဖို့ဆုံးဖြတ်ထားပေမဲ့ ခေါ်သွားရဖို့ ဘယ်လိုတွေအကြောင်းဖန်လာမလဲ၊ ကျိန်စာက သမီးလေးရွှယ်တာအပေါ် ဘယ်လိုတွေ သက်ရောက်လာမှာလဲ၊ ဒီကျိန်စာကို‌ရောလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တုန်စရာခြောက်လှန့်မှုတွေနဲ့အတူ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂျိုဒစ်အဖြစ် မင်းသားကြီး Ronit Roy၊ အမ်ဘီကာအဖြစ် မင်းသမီး Kajol နဲ့ ရွှယ်တာအဖြစ် မင်းသမီး Kherin Sharma တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း