ဇာတ်ကားများ ရွေးရန်

Never Say Never

2023ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါတော့ Never Say Never 2023 ဆိုတဲ့ တရုတ်နပန်းလောကအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ အနာဂတ်အတွက် ဇွဲမလျော့ဘဲ ကြိုးစားခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေ ၊ အရာရာကို အပေါ်ယံကြည့်ကာ ပြစ်တင်ရှုံ့ချတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝနဲ့ ကိုယ်ကျိုးအတွက်သာဆို မြေနိမ့်ရာလှံစိုက် စာနာမှုမရှိရိုက်ချတတ်တဲ့ အရင်းရှင်စီးပွားရေးသမားတွေရဲ့ ယုတ်မာကောက်ကျစ်တဲ့ လှည့်ကွက်တွေကို ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း " နပန်းဆိုတာ မင်းတို့အတွက်ဘာအဓိပ္ပါယ်လဲ " " နပန်းဆိုတာ လေလွှင့်ငတ်ပြတ်ပြီး ရည်မှန်းချက်ပျောက်နေတဲ့ ငါတိုဘ၀တွေရဲ့တစ်ခုတည်းသော လွတ်မြောက်ရာလမ်း " တစ်ချိန်က နပန်းသမားဖြစ်ခဲ့ပြီး မတော်တဆ ကိစ္စတစ်ခုကြောင့် ထောင်ကျသွားတဲ့ ရှန်ထျန်းဟွေ့ဟာ ထောင်ကထွက်လာပြီးနောက်မှာတော့ နပန်းနဲ့ပတ်သတ်တာ ဘာကိုမှ မလုပ်တော့ဘူးလို ဆုံးဖြတ်ထားခဲ့ပါတယ် ။သူဟာ သဲကျင်းတစ်ခုကို ဝယ်ယူပြီး သာမန်ဘဝကိုဖြတ်သန်းနေခဲ့ပြီး တစ်နေ့မှာတော့ လုံရှန့်မှ မိဘမဲ့ကလေး ဓါးပြတစ်ဖွဲ့ရဲ့ ဓားပြတိုက်တာကို ခံခဲ့ရပါတယ်။အခုမှ စီးပွားရေးကို အစတည်နေတဲ့ သူ့အတွက် အခက်အခဲတွေ အများကြီးရင်ဆိုင်နေရတဲ့ အချိန်မှာ ထိုကလေးတွေရဲ့ ဓါးပြတိုက်မှုကြောင့် အခြေအနေဟာ ပိုဆိုးသွားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့တွဲဖက် ဝမ်ဖုန်းမှ သူ့ရဲ့ အရင်အလုပ်အကိုင်ဖြစ်တဲ့ နပန်းလောကကို ပြန်ဝင်ဖို့ တိုက်တွန်းခဲ့တာကြောင့် သူဟာ လုံရှန့်တောင်မှ ကလေးဓားပြအဖွဲ့ကို သတိထားမိသွားပါတော့တယ်။ ထို့ကြောင့် လေလွှင့်ငတ်ပြတ်နေတဲ့ ကလေးတွေနဲ့ တွေ့ကိုလူလားမြောက်အောင်ကျွေးမွေးပြီး နပန်းပညာကို သင်ကြားပေးဖို ဆုံးဖြတ်ခဲ့ပါတယ်။အစပိုင်းမှာတော့ ဘယ်သူမှသတိမထားခဲ့မိခဲ့ကြပေမယ့် သူပြုစုပျိုးထောင်ထားခဲ့တဲ့ ကလေးတွေဟာ ချန်ပီယံဖြစ်ရန် အလားအလာရှိလာတဲ့အချိန်မှာတော့ အဖက်ဖက်မှ ဖိနှိပ်ထိုးနှက်မှုတွေကို ခံခဲ့ရပါတော့တယ်။ အရင်တုန်းက ထောင်ကျဖူးတဲ့မှတ်တမ်းဆိုးရှိတဲ့ ရှန်ထျန်းဟွေ့ဟာ အသက်မပြည့်သေးတဲ့ မိဘမဲ့ကလေးတွေကို ခိုင်းစားပြီး ပိုက်ဆံရှာတယ်ဆိုကာ လိုင်းပေါ်မှာသတင်းပြန့်နှံ့သွားခဲ့ပါတောတယ်။ ဒီလိုစွတ်စွဲမှုကို ခြေဖျက်စရာသက်သေမရှိတဲ့ ရှန်ထျန်းဟွေ့နဲ့ ကလေးတွေရဲ့ ဘ၀ဟာ နောက်တစ်ကြိမ် အောက်ဆုံးသို့ ထပ်မံကျရောက်သွားပြန်ပါတော့တယ်။သူတို့ဟာ နောက်တစ်ကြိမ် ပြန်ရုန်းထပြီး အောင်မြင်မှူကို အရောက်လှမ်းနိူင်ပါ့မလား ဆိုတာ ဇာတ်ကားလေးနဲ့ အတူကြည့်ရှု့ပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း