ဇာတ်ကားများ ရွေးရန်

Dream

2008ဇာတ်ကားWeb-dl 1080p

အထူးသတိပြုရန် - သမီးရည်းစားသဘာဝ ချစ်ရည်လူးခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများ မကြည့်သင့်ပါ။ ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ IMDb Rate 6.5 ရရှိထားပြီး ဝါရင့်ဂျပန်မင်းသား Joe Odagiri နဲ့ ဝါရင့်ကိုရီးယားမင်းသမီး Lee Na Young တို့ အဓိကပါဝင်ထားတဲ့ ခပ်ဆန်းဆန်း ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အိပ်မက်ဟာ အခြားလူတစ်ယောက်ရဲ့အပြုအမူနဲ့ ဆက်စပ်နေရင် ဘယ်လိုနေမှာများလဲ..။ ရည်းစားဟောင်းဆီက အဖြတ်ခံလိုက်ရတဲ့ ဂျင်(Joe Odagiri)ဟာ အိပ်မက်ထဲမှာ ရည်းစားဟောင်းရဲ့ကားနောက်ကို လိုက်ရင်း ကားတိုက်မှုရဲ့တရားခံဖြစ်သွားပါတယ်။ ဂျင့်အတွက်တော့ အိပ်မက်ဖြစ်ပေမဲ့ ဒါဟာ အိပ်နေရင်း လမ်းလျှောက်တတ်တဲ့ ရောဂါရှိသူ အီရန်(Lee Na Young)အတွက်တော့ တကယ့်လက်တွေ့အပြုအမူဖြစ်နေပါတော့တယ်။ ပြောရမယ်ဆိုရင် အီရန်ခမျာ သူလဲ ဘာမှ မသိလိုက်ရဘဲ ကားတိုက်မှုရဲ့တရားခံဖြစ်သွားရှာတာပေါ့။ အီရန်ဟာ ရည်းစားဟောင်းကို မုန်းလို့ အဆက်ဖြတ်လိုက်ပေမဲ့ အိပ်မက်ကိုယ်တော် ဂျင့်ကြောင့် ညတိုင်း ရည်းစားဟောင်းဆီ ရောက်နေရသူဆိုလဲ မမှားပါဘူး။ အဲဒီလိုအဖြစ်အပျက်က သာမန်ကြည့်ရင်တော့ အံ့သြစရာပေမဲ့ အခန့်မသင့်ရင် လူသတ်မိတဲ့အထိ ဖြစ်တတ်တာမို့လို့ သူတို့နှစ်ယောက် သတိကြီးကြီးနဲ့ တစ်လှည့်စီ စောင့်ကြည့်အိပ်စက်ခဲ့ကြရာကနေ နောက်ဆုံးမှာတော့ လူ့စိတ်ဆိုတာ ထိန်းမရဘူးဆိုသလိုပဲ သူတို့ မဖြစ်ချင်တာတွေ ဖြစ်သွားခဲ့ရပါတယ်။ အဲဒီလိုဖြစ်သွားတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါအုံးနော်။ အညွှန်းနဲ့ ဘာသာပြန် တင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း