Sasanasabha
ထောင်နံရံတွေကြားက အစပြုထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အဲဒီနေရာမှာ သာမန်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ "ဆူရီယာ"က သူ့ရဲ့အကျဉ်းကျကာလကို ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ သူ့ဘဝက တစ်ညတည်းနဲ့ ပြောင်းပြန်လှန်သွားမဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့တယ်။ သူက ထောင်ထဲမှာ အလွန်တရာ သြဇာအာဏာကြီးမားတဲ့ နိုင်ငံရေးသမားကြီး "ဒူရ်ဂါ" ကို လုပ်ကြံမှုတစ်ခုကနေ အသက်နဲ့လဲပြီး ကယ်တင်လိုက်ပါတယ်။ ဒီ "ဒူရ်ဂါ" ဆိုတာ ဘယ်သူလဲ။ သူက အကျဉ်းထောင်ထဲမှာ ရောက်နေပေမဲ့ သူ့ရဲ့လက်တစ်ဖက်က ပြည်နယ်တစ်ခုလုံးရဲ့ နိုင်ငံရေးကို ချယ်လှယ်နိုင်စွမ်းရှိတဲ့ သူပါ။ အပြင်လောကမှာတော့ ရွေးကောက်ပွဲအပြီး ဘယ်ပါတီမှ အစိုးရမဖွဲ့နိုင်ဘဲ နိုင်ငံရေးကမောက်ကမဖြစ်နေချိန် အာဏာရဖို့ ရူးမတတ်ဖြစ်နေတဲ့ ဝန်ကြီးချုပ်တစ်ယောက်က သူ့ရဲ့အကူအညီကို အသည်းအသန် လိုအပ်နေပါတယ်။ "ဆူရီယာ" ရဲ့ သတ္တိကိုတွေ့ပြီး "ဒူရ်ဂါ"က သူ့အတွက် နိုင်ငံရေးကစားကွက်ထဲက အရေးအပါဆုံး "ရုပ်သေး" တစ်ရုပ်ကို တွေ့သွားပြီလို့ သဘောပေါက်လိုက်ပါတယ်။ ဒီလိုနဲ့ သူက ဆူရီယာ့ကို ဘယ်သူမှမငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှုကြီးတစ်ခု လုပ်ပါတော့တယ်။ သာမန်လူငယ်လေးတစ်ယောက် ထောင်နံရံတွေကြားကနေ နိုင်ငံရေးရဲ့ အမြင့်ဆုံးနေရာကို ဘယ်လိုရောက်သွားနိုင်မလဲ။ နိုင်ငံရေးဆိုတာ သစ္စာတရားနဲ့ ဉာဏ်နီဉာဏ်နက်တွေ ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်ပြီး ဒီပွဲမှာ ဘယ်သူက "ကစားသမား" ဖြစ်ပြီး ဘယ်သူက "အရုပ်" ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းက စိတ်လှုပ်ရှားဖွယ် ပြသသွားမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း