ဇာတ်ကားများ ရွေးရန်

Maalik

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ အာဏာတွေ ပါဝါတွေအပြည့်ရှိတဲ့ နိုင်ငံရေးအကြီးအကဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီပတ် ဆိုတဲ့ကောင်လေးက သူများရဲ့လယ်တွေကိုငှားရမ်းလုပ်ကိုင်ရတဲ့ ဆင်းရဲသားလယ်သမားရဲ့သားဆိုပေမဲ့ သူ့ရဲ့ရည်မှန်းချက်ကတော့ အာဏာ ပါဝါအပြည့်ရှိတဲ့ နိုင်ငံရေးသမားဖြစ်ချင်တာပါ။ ဒါကြောင့် ရွေးကောင်ပွဲမှာ ဝင်ပြိုင်ဖို့ ဂိုဏ်းတစ်ခုဖွဲ့လိုက်တဲ့အခါ မာလစ် (သခင်ကြီး) ဆိုပြီး အင်အားကြီးလာတယ်။ တစ်ဖက်မှာ လက်ရှိလွှတ်တော်အမတ်ဖြစ်နေတဲ့ ဘယ်လာဆင့်က သူ့နေရာကို လူယူမှာကြောက်လာတဲ့အခါမှာ မာလစ်ကို ရှင်းပစ်ဖို့ နည်းမျိုးစုံသုံးတယ်။ မာလစ်က မိန်းမဖြစ်သူ ရှာလီနီကို အရမ်းချစ်ပေမယ့် ရှာလီနီက ယောက်ျားရဲ့ အသက်နဲ့ရင်းပြီးလုပ်ကြံသတ်ဖြတ်ခံရမယ့် အလုပ်ကြီးမို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ကို လုံးဝသဘောမကျပါဘူး။ ဒီလိုနဲ့ မာလစ်တစ်‌ယောက် အရမ်းချစ်တဲ့မိန်းမစကားကို နားထောင်မှာလား သူ့ရည်မှန်းချက်အတိုင်း ဆက်သွားမလားဆိုတာကို နောက်ဆုံးမှာ လုံးဝထင်မထားတဲ့ လှည့်ကွက်တစ်ချို့နဲ့ အံ့အားသင့်ပြီး ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒီပတ် ခေါ် မာလစ်အဖြစ် မင်းသား Rajkummar Rao၊ ဘာဒူနာအဖြစ် မင်းသား Anshumaan Pushkar နဲ့ ရှာလီနီ အဖြစ် မင်းသမီး Manushi Chhillar တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း