Love, Divided
စပိန်စကားပြော အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်စကားပြော Blind Date ဆိုတဲ့ ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်တယ်။ ဗယ်လန်တီနာဆိုတဲ့ ကောင်မလေးက နှစ်ခန်းတွဲတိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာပြီး လူရွေးပွဲတစ်ခုမှာဝင်ပြိုင်ဖို့အတွက် အိမ်မှာပဲ စန္ဒရားတီးလေ့ကျင့်နေသူ ဖြစ်တယ်။ သူမရဲ့ ဘေးတိုက်ခန်းမှာ နေတဲ့သူကတော့ သုံးနှစ်ကြာ အခန်းတံခါးပိတ်ပြီး ဂိမ်းတီထွင်နေတဲ့ ဒါဗိထ်ဆိုသူ ဖြစ်တယ်။ ဒါဗိထ်က သူ့ဘေးခန်းကို ပြောင်းလာတဲ့သူတိုင်း ကြောက်လန့်ပြီးပြောင်းပြေးအောင် အသံမျိုးစုံနဲ့ နှိပ်စက်တတ်တယ်။ ဘာလို့ဆို သူတို့တိုက်ခန်းနှစ်ခုအကြား နံရံက ပါးလွှာလွန်းတဲ့အတွက် အသံမလုံတော့ သူဂိမ်းရေးဆွဲတဲ့အခါ အာရုံစိုက်လို့မရလို့ပါတဲ့လေ။ ဒီတော့ ဗယ်လန်တီနာကိုလည်း သူက ခြောက်လှန့်ပြီး ပထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီတော့ သူတို့နှစ်ဦးအကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဗယ်လင်တီနာကရော လူရွေးပွဲမှာ အောင်မြင်ပါ့မလား။ ဒါဗိထ်ကရော သုံးနှစ်ကြာ အိမ်တွင်းအောင်းနေရာကနေ အပြင်ကိုထွက်လာနိုင်မှာလား။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း