Sketch
မိုးအေးအေးနဲ့ chill ဖို့ review ကောင်းတွေရထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ Supernatural fantasy/ Adventure ဖြစ်ပြီး အဓိပ္ပါယ်ပါတာမို့ မလွတ်တမ်း ကြည့်သင့်ပါတယ်။ ဂျက်နဲ့အမ်ဘာတို့မောင်နှမဟာ မိခင်ဆုံးပြီးနောက်ပိုင်း ဖခင်နဲ့အတူနေရင်း ကိုယ့်နည်းနဲ့ကိုယ် ပူဆွေးနာကျင်မှုတွေကို ဖြေဖျောက်နေပါတယ်။ အမ်ဘာကတော့ သူခံစားရတဲ့ နာကျင်မှုတွေကို စာအုပ်ထဲမှာ စိတ်ကူးယဉ်အကောင်ပုံတွေဆွဲပြီး သရုပ်ဖော်ပါတယ်။ သူဆွဲသမျှကလည်း ပျော်စရာတစ်ခုမှ မပါဘဲ သေကြေပျက်စီးစရာတွေချည်းပါပဲ။ ဆရာဝန်ကလည်း ဒီနည်းလမ်းက ထိရောက်တယ်ပြောလို့ အမ်ဘာက ဆွဲမြဲဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ဂျက်က တောထဲမှာ ထူးဆန်းတဲ့ရေအိုင်တစ်ခု ရှာတွေ့ပြီး အမ်ဘာရဲ့ ပုံဆွဲစာအုပ် အဲဒီထဲပြုတ်ကျသွားတဲ့အခါ မိစ္ဆာကောင်တွေအကုန် အသက်ဝင်လာပါတော့တယ်။ ဒီကပ်ဆိုးကို တားဆီးဖို့ သူတို့အတူတကွ ပူးပေါင်းပြီး အဖြေရှာမှာပါ။ သားအဖသုံးယောက် ကိုယ်စီနာကျင်မှုတွေ နောက်ဆုံးမှာ ကွယ်ပျောက်သွားနိုင်မလား ဆက်လက်ခံစားအားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း