ဇာတ်ကားများ ရွေးရန်

Oh, Hi!

2025ဇာတ်ကားWeb-dl 1080p

ရုတ်တရက် အလှည့်အပြောင်း ဇာတ်အိမ်တွေနဲ့ ပျော်စရာခရီးကနေ စိတ်မွန်းကြပ်စရာ မထင်မှတ်ထားတဲ့ အခြေအနေ ရောက်သွားတာကို ထပ်တူခံစားကြည့်ရှုရမယ့် Dark Comedy အမျိုးအစားပါ။ အိုင်းဇက်နဲ့အိုင်းရစ်စ်တို့က လေးလကြာတွဲပြီး အားလပ်ရက်ကို မြို့ပြင်က ယာတောအိမ်ဆီ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ တစ်နေကုန်ပျော်ပါးကြည်နူးပြီး ညဘက်မှာ အဝတ်ဗီရိုထဲတွေ့ရတဲ့ sex toys နဲ့ပါ ကစားခဲ့ကြပါသေးတယ်။ မနက်နိုးလာတဲ့အချိန် တရားဝင်အတည်တကျတွဲဖို့ ဆန္ဒရှိတဲ့ အိုင်းရစ်စ်က သူ့ဆန္ဒကို ဖွင့်ဟလာတဲ့အချိန် အိုင်းဇက်က relationship ထားရတာမျိုး မလုပ်ချင်တဲ့အတွက် အခြေအနေတင်းမာပြီး အိုင်းရစ်စ်က ညက ကစားထားတဲ့ လက်ထိပ်ခြေထိပ်တွေနဲ့ အိုင်းဇက်ကို ပြန်ခတပြီး အကျပ်ကိုင်ပါတယ်။ ဒီအနေအထားကြီးနဲ့ သူတို့နှစ်ယောက် ဆက်လက်ပြီး ဘာတွေဖြစ်ကြမလဲ...အိုင်းရစ်စ်က ဖိအားမပေးတတ်တဲ့ cool girl လား...အမျိုးစုံကြိုးခုန်ပြီး နောက်ဆုံး သူတို့လက်တွဲဖြစ်လားဆိုတာကတော့... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း