Miracle of Giving Fool or Babo
ဒီကားလေးကတော့ ဟာသ၊ အချစ်၊ သံယောဇဉ်ဆိုတဲ့ ရသမျိုးစုံကိုခံစားရစေမဲ့ IMDb 7.3အထိရထားတဲ့ နယ်မြို့လေးတစ်မြို့က အရူးတစ်ယောက်ရဲ့အကြောင်းလေးပါ။ ဆွန်းယွန်း လို့ခေါ်တဲ့ကောင်လေးက ငယ်ငယ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် ဉာဏ်ရည်မမီတော့ဘဲဖြစ်သွားခဲ့ပါတယ်။ မောင်နှမ ၂ယောက်တည်းရှိတဲ့ ဘဝမှာ ဉာဏ်ရည်မမီရှာပေမဲ့ သူက အစ်ကိုကြီးမို့လို့ ညီမလေးဖြစ်သူကို ပေါင်မုန့်ကင်လုပ်ရောင်းပြီး ရှာကျွေးရှာပါတယ်။ ဒါပေမဲ့ သူ့ညီမကတော့ ဉာဏ်ရည်မမီတဲ့အစ်ကိုကိုရှက်လို့ တစ်ခါမှ အစ်ကိုလို့မခေါ်ခဲ့ပါဘူး။ ဆွန်းယွန်းမှာ ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ ဂျီဟိုဆိုတဲ့ကောင်မလေးရှိပါတယ်။ ဂျီဟိုက ငယ်ငယ်ကတည်းက နိုင်ငံခြားပညာတော်သင်သွားတာမလို့ ဂျီဟိုလာမဲ့လမ်းလေးမှာ ဆွန်းယွန်းတစ်ယောက် ၁၀နှစ်ကျော်ကြာအောင် အမြဲသွားစောင့်နေတတ်ပါတယ်။ ဂျီဟိုက စန္ဒယားပညာရှင်ဆိုပေမဲ့ စင်ကြောက်တဲ့ရောဂါကြောင့် ကိုရီးယားဆီပြန်လာပါတော့တယ်။ အဲဒီအချိန် သူ့ကိုစောင့်နေတဲ့ ငယ်သူငယ်ချင်း ဆွန်းယွန်းနဲ့တွေ့ပြီး အလွဲလွဲအချော်ချော်တွေနဲ့ သူငယ်ချင်းနှစ်ယောက် ကြုံတွေ့လာရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း