ဇာတ်ကားများ ရွေးရန်

Ever Victorious

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Ever Victorious ဆိုတဲ့ 2023ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ wuxiaကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စစ်မက်ထူပြောတဲ့ကာလ_ ထန်ပြည်ထောင်နယ်စပ်မှာ ရှိတဲ့ ယောင်ကျေးရွာလေးဟာ တိုင်းပြည်ရဲ့လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ဖို့အတွက် ကလေး လူကြီးမကျန် အမြစ်ဖြတ်သုတ်သင်ရှင်းလင်း ခံခဲ့ရပါတော့တယ်။သို့သော် သုန်းလီဆိုတဲ့ လူငယ်လေးဟာတော့ ကံကောင်းထောက်မပြီး ထိုဘေးမှ ကင်းလွတ်ခဲ့ပါတယ်။သူဟာ သူ့ဖခင်အပါအဝင် ရွာသူရွာသားအားလုံးအသတ်ခံရတဲ့ ကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်ခဲ့ရာ စစ်သူကြီးယွီဝူရဲ့ ညွှန်ကြားမှုဖြင့် သံမဏိသိမ်းငှက် လျှို့ဝှက်အစောင့်တပ်ဖွဲ့ ဟာ ထိုလုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ထို့ကြောင့် သူသည်အကြောင်းအရင်းအမှန်ကို ဖော်ထုတ်ရန် စစ်သူကြီးယွမ်းဝူကို သွားရောက်ရှာဖွေကာ တိုက်ခိုက်ပါတော့တယ်။သို့သော် စစ်သူကြီးယွမ်ဝူက သူ့ကို တားဆီးနိူင်ခဲ့ပြီး ထန်ပြည်ထောင်ရဲ့ ကြုံတွေနေရတဲ့ ဘေးဒုက္ခတွေကို သူ့အား သိရှိအောင်ရှင်းပြပြီး အခက်အခဲကို ဖြေရှင်းပေးရန် အကူအညီတောင်းခံခဲ့ပါတယ်။သုန်းလီဟာ အမုန်းတရားနဲ့ တရားမျှတမှုကြားမှာ ရပ်တည်နေရပြီး နောက်ဆုံးမှာတော့ တရားမျှတမှုကို ရယူရန် ဆုံးဖြတ်ခဲ့ပါတော့တယ်။သုန်းလီဟာ ထန်ပြည်ထောင်ရဲ့ အခက်အခဲက်ု ဖြေရှင်းပေးနိူင်ပါ့မလား...? ယောင်ကျေးရွာသားတွေကရော ဘာကြောင့် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခံခဲ့ရတာလဲ ဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှု့ပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း