ဇာတ်ကားများ ရွေးရန်

Wild ghost

2023ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဒီတစ်ခေါက်မှာတော့ Wild Ghost 2023ဆိုတဲ့ သဘာဝတရားနဲ့ လူသားတွေရဲ့ကြားက ညှိုနှိုင်း၍မရနိုင်သော အလိုလောဘနဲ့ အငြိုးတရားတွေကို ရိုက်ကူးပြသထားသော Fantasy/Action ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့ အနှစ်(၂၀)ခန့်တုန်းက ကျယ်တောင်ထဲသို့ ဥက္ကာခဲတစ်ခု ကျဆင်းလာခဲ့ပြီး ဥက္ကာခဲနဲ့အတူပါလာသော သလင်းကျောက်စိမ်းဟာ အပိုင်းသုံးပိုင်းကွဲပြီး ပျောက်ဆုံးနေခဲ့ပါတယ်။ထို သလင်းကျောက်စိမ်းများကြောင့် ကျယ်တောင်အတွင်းမှ သက်ရှိ သက်မဲ့တွေဟာ သဘာဝတရားကိုကျော်လွန်ပြီး တောင်မိစ္ဆာပေါ်ထွက်လာခဲ့ပါတော့မယ်။ အနှစ်(၂၀)ကြာပြီးနောက် ကျယ်တောင်အနီးမှ ချန်ရှို့ကျေးရွာသို့ လူတစ်စုဟာ ရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာ တောင်မိစ္ဆာကို ရှင်းလင်းပြီး သလင်းကျောက်စိမ်းကို စုစည်းနိူင်မယ်ဆိုရင် တောင်မိစ္ဆာလက်ချက်ကြောင့်သေဆုံးသွားသူများကို အသက်ပြန်ရှင်စေနိူင်တယ်ဟုပြောတာကြောင့် ကျေးရွာသားလူငယ်လေး ရွှီးထျန်းရှစ်ဟာ သူ့မိတ်ဆွေများနဲ့အတူ ကျယ်တောင်သို့ လိုက်ပါလာခဲ့ပါတော့တယ်။သူတို့ဟာ တောင်မိစ္ဆာရဲ့ စွမ်းအားနဲ့ စတင်ရင်ဆိုင်ရတဲ့ အချိန်မှာ အချင်းချင်းကြားက သံယောဇဉ်၊ သစ္စာနဲ့ သဘောထားတွေကို စမ်းသပ်ခံရမယ့် အချိန်သို့ရောက်လာခဲ့ပါတော့တယ်။သူတို့ဟာ ကျယ်တောင်မှာ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိူင်ပါ့မလား....?တောင်မိစ္ဆာရဲ့ တိုက်ခိုက်မှုကရော လွတ်မြောက်နိုင်ပါ့မလား....?ကျောက်စိမ်း ၃ခုရဲ့ အရင်းအမြစ်ကရော ဘာဖြစ်မလဲဆိုတာကို လူသားတွေရဲ့ အငြိုးအတေးတွေ အလိုလောဘတွေနဲ့ အကျင့်ပျက်မှုတွေနဲ့အတူ ကြည့်ရှု့ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း