ဇာတ်ကားများ ရွေးရန်

13B: Fear Has a New Address

2009ဇာတ်ကားBlu-ray 1080p

ထွက်ထားတာကြာပြီဆိုပေမဲ့ Old but gold ဟောင်းနေပေမဲ့ကောင်းနေစဲကားလေးနဲ့မိတ်ဆက်ပေးပါမယ်။ ကြည့်မိတာလုံးဝနောင်တရမှာမဟုတ်ပါဘူး။ သာယာတဲ့မိသားစုလေးတစ်ခု တိုက်ခန်းအသစ်ဆီပြောင်းလာကြတယ်။ သူတို့အိမ်မှာမနက်တိုင်းနွားနို့သိုးတယ်၊ ဝတ်ပြုခန်းမှာ ပုံတွေချိတ်ဖို့သံရိုက်တိုင်းပြဿနာတစ်ခုခုဖြစ်တယ်၊ အငယ်မလေးက ဘာသာစုံကျတယ်။ သာမန်ဖြစ်နေကျတွေလိုပါပဲ။ ဒါပေမဲ့ နေတာကြာလာရင်းနဲ့ တဖြည်းဖြည်းသာမန်ကိစ္စတွေမဟုတ်တော့သလိုဖြစ်လာတယ်။ သူတို့အိမ်ကတီဗီမှာ ၁နာရီထိုးတိုင်း ဇာတ်လမ်းတွဲတစ်ခုပြတယ်။ အဲဒီဇာတ်လမ်းတွဲထဲက မိသားစုဝင်အရေတွက်နဲ့အဖြစ်ပျက်တွေက သူတို့မိသားစုဝင်အရေတွက်နဲ့အဖြစ်ပျက်တွေနဲ့တူနေတာကို မာနိုကသတိထားမိလာတယ်။ အဲဒါနဲ့အိမ်ကပုံမှန်မဟုတ်ဘဲ ထူးခြားနေတာကိုသတိထားမိလာတယ်။ ဒီအိမ်မှာ ဘယ်လိုသဘာဝလွန်တွေဖြစ်ပျက်နေတာလဲ။ သူတို့မိသားစုအဖြစ်ပျက်နဲ့တူပြီး သူတို့အိမ်မှာပဲပြတဲ့ဇာတ်လမ်းတွဲရဲ့နောက်ကွယ်ကအဖြစ်ပျက်အမှန်ကဘာလဲဆိုတာ ဒီကားထဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ဇာတ်လမ်းကအနောက်ရောက်လာလေလေ စိတ်ဝင်စားဖို့ကောင်းလာလေပါ။ ခန့်မှန်းတာတွေနဲ့လည်းတလွဲဆီဖြစ်နေလောက်အောင် လှည့်ကွက်အမျိုးမျိုးနဲ့ဇာတ်ကားကောင်းမို့လို့ သေချာလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း