ဇာတ်ကားများ ရွေးရန်

Bang

2025ဇာတ်ကားBlu-ray 1080p

"Bang" ဟာ ရက်စက်ကြမ်းကြုတ်ပြီး နာမည်ကြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းကို ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကြေးစားလူသတ်သမားဟာ သူ့ရဲ့အသက်ကို ရန်သူတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရာကနေ သီသီလေးလွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က သူ့ရဲ့စိတ်ကို ပြောင်းလဲသွားစေခဲ့ပြီး အရင်ကလုပ်ခဲ့တဲ့ အမှားတွေအတွက် ခွင့်လွှတ်မှုကို ရရှိဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူဟာ သူကျင်လည်ခဲ့တဲ့ အဖွဲ့အစည်းကို သစ္စာဖောက်ပြီး လမ်းမှန်ပေါ်ပြန်လျှောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က သူ့ကို ပိုမိုကြီးမားတဲ့ အန္တရာယ်ကမ္ဘာထဲကို ဆွဲသွင်းလိုက်သလို ဖြစ်သွားခဲ့ပြီး အရင်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်လာတဲ့အခါမှာတော့... အတိတ်က အရိပ်မည်းတွေကနေ ရုန်းထွက်ဖို့ကြိုးစားရင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဆက်လက်ရှင်သန်ရပ်တည်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ အက်ရှင်ခန်းတွေ၊ သစ္စာဖောက်မှုတွေနဲ့ ဒရာမာဇာတ်ကွက်တွေကို ပေါင်းစပ်ရိုက်ကူးထားတာကြောင့် အက်ရှင်ဇာတ်ကားပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း