ဇာတ်ကားများ ရွေးရန်

Devil

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ။ အဲလက်စ်ဆိုတဲ့ ရှေ့နေတစ်ယောက် အိမ်ကသဘောတူတဲ့ ဟီမာဆိုတဲ့မိန်းကလေးနဲ့ လက်ထပ်လိုက်ရပေမယ့် သူ့ရဲ့ရုံးက ဆိုဖီယာဆိုတဲ့ မိန်းကလေးနဲ့ဖောက်ပြန်နေတာပါ။ ယောက်ျားရဲ့ချစ်ခြင်းမေတ္တာကို မရရှိတဲ့ ဟီမာဟာ ရိုရှန်ဆိုတဲ့ ကောင်လေးနဲ့ သိကျွမ်းသွားပြီး မေတ္တာမျှခဲ့ကြတယ်။ မိခင်မေတ္တာကိုငတ်နေတဲ့ ရိုရှန်တစ်ယောက် ဟီမာရဲ့ပြုစုမှုအောက်မှာ အချစ်လား ဘာလားဆိုတာ မသဲကွဲဘဲ သာယာနေခဲ့တယ်။ ဒီလိုဆို အဲလက်စ်နဲ့ ဟီမာရဲ့ အိမ်ထောင်ရေးက အလွယ်တကူပဲ ပြိုကွဲသွားမှာလား။ အိမ်ထောင်ရေးပြိုကွဲသွားဖို့အထိ မလိုလားတဲ့ ဟီမာရဲ့ ဆန္ဒအရ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဇာတ်ကားနာမည်က မကောင်းဆိုးဝါး ဆိုတော့ ဘယ်သူက မကောင်းဆိုးဝါးဖြစ်မလဲဆိုတာကို နောက်ဆုံးမှာမှ သိရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဲလက်စ်အဖြစ် မင်းသား Vidharth ၊ ရိုရှန်အဖြစ် မင်းသား Arun နဲ့ ဟီမာအဖြစ် မင်းသမီး Shamna တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း