The Last Front
ပထမကမ္ဘာစစ် ဂျာမန်တွေက ဘယ်ဂျီယံကို ကျူးကျော်နေတဲ့အချိန်ကာလဖြစ်တယ်။ Leonard Lambert လို့ခေါ်တဲ့ လယ်သမားတစ်ဦးက ရွာအပြင်ဘက် သူ့လယ်ကွင်းတွေထဲမှာ သူ့သားရယ် သမီးရယ်နဲ့ အေးအေးချမ်းချမ်းနေနေချိန် သူတို့ဆီကို ဂျာမန်စစ်တပ်တစ်တပ်က ရောက်ချလာတယ်။ အဲဒီစစ်တပ်မှာ လက်ဖတင်နင် Laurentz ဆိုသူက သွေးဆိုးပြီး ရိုင်းစိုင်းတဲ့သဘာဝရှိတယ်။ လယ်သမားဆီကနေ ရေနဲ့စားစရာကိုပဲ လိုချင်တာဖြစ်သော်ငြား Leonard ရဲ့ သမီးဖြစ်သူကို ဆွဲလားရမ်းလားလုပ်ပြီး ခြိမ်းခြောက်ပြောဆို အကြပ်ကိုင်တာတွေလုပ်တော့တယ်။ Leonard က ကောင်းကောင်းမွန်မွန်နဲ့ ဖျောင်းဖျပြောဆိုပေမယ့် သားလုပ်တဲ့သူက ညီမလေးကိုစိတ်ပူတဲ့စိတ်နဲ့ လက်ဖတင်နင်ကို ဝင်လုံးတော့တယ်။ နောက်ဆုံးတော့ သားရော သမီးရော သေသွားတယ်ပေါ့။ လက်ဖတင်နင်ရဲ့ အထက်အရာရှိ ကွန်မန်ဒါက သူ့အဖေရင်းကိုယ်တိုင်ပဲ။ ဒီတော့ ဖခင်လုပ်သူရဲ့ ဝင်ဖျန်ဖြေမှုကြောင့် လက်ဖတင်နင်က Leonard ကိုလွှတ်ပေးလိုက်တယ်။ အဲဒီမှာ Leonard က ရွာကိုပြေးပြီး ရွာသားတွေကို ပုန်းကြဖို့ လှုံ့ဆော်တယ်။ ဂျာမန်စစ်တပ်က သူ့နောက်ကလိုက်လာပြီး ရွာထဲဝင်လာချိန် ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မမြင်ရတော့ လက်ဖတင်နင်က ဒေါကန်ပြီး Leonard ကို ပိုက်စိတ်တိုက်ရှာခိုင်းတော့တယ်။ Leonard က ပြင်သစ်တော်လှန်ရေးတပ်က ဖြစ်မယ်လို့ပါ စွပ်စွဲတော့တာ။ ဒီတော့ Leonard ခမျာ ရွာသားတွေကိုခေါ်ပြီး ပြင်သစ်နယ်စပ်ထိရောက်အောင်ပြေးဖို့ စီစဉ်ရတော့တာပေါ့။ Action/ Drama အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း