ဇာတ်ကားများ ရွေးရန်

Zhong Kui Exorcism

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Zhong Kui Exorcism 2022ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျုံးခွေဟာ မိစ္ဆာတွေကို ဖမ်းဆီးရှင်းလင်းနေသူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ ဝံပုလွေမိစ္ဆာကို ဖမ်းဆီးရင်ကြိုးစားရင်း သူ၏ချစ်သူ ချန်ချန်နှင့် အပြစ်မဲ့တဲ့ ရွာသားတွေဟာ မိစ္ဆာရဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာကို ခံလိုက်ရပါတော့တယ်။ဝံပုလွေ မိစ္ဆာဟာ လင်းကျုးပြန်လည်ဝင်စားပြီး မွေးဖွားလာသော ကျုံးခွေကို မိစ္ဆာလောကဘေးကင်းရေးအတွက် သတ်ဖြတ်ရန်ကြိုးစားသော်လည်း ဆရာဖြစ်သူ၏ လက်ချက်ဖြင့် ဒဏ်ရာရကာ ထွက်ပြေးသွားခဲ့ရပါလေတော့တယ်။ကျုံးခွေဟာ ချစ်သူနှင့် ရွာသားတွေအတွက် လက်စားချေရန်ပြင်းပြသောဆန္ဒနှင့် မိစ္ဆာတွေကို လောကတစ်ခွင်လှည့်လည် နှိမ်နင်းပါတော့တယ်။တစ်နေ့မှာတော့ သူဟာ ရှုပ်ထွေးနေတဲ့ လင်းသုမြို့တော်ကိုရောက်ရှိသွားပြီး ဝက်မိစ္ဆာနဲ့တွေ့ရှိခဲ့ပါတော့တယ်။သူဟာ ဝက်မိစ္ဆာရဲ့ မူလရင်းမြစ်ကို လိုက်လံရှာဖွေရင်း လင်းသုမြို့တော်ရဲ့ ရှုပ်ထွေးမှုဟာ ဝံပုလွေမိစ္ဆာနဲ့ ပတ်သက်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိသွားပါတော့တယ်။သို့သော် ဝံပုလွေမိစ္ဆာဟာ နန်းတော်ထဲမှာရောက်ရှိနေပြီး ဧကရာဇ်အပါအဝင် ကျန်တဲ့သူတွေအားလုံးကို ထိန်းချုပ်ထားတာကြောင့် ကျုံးခွေတစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရန် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတော့တယ်။နောက်ဆုံးမှာ ကျုံးခွေတစ်ယောက် ရန်သူဟောင်း ဝံပုလွေမိစ္ဆာကို ရှင်းလင်းနိူင်ပါ့မလား ..? လင်းကျူးဝင်စားတဲ့ ကျူံးခွေကို ဘာလို့ မိစ္ဆာတွေက သတ်ခြင်ရတာလဲ...? သူ့ရဲ့ ရန်ငြိုးကို လက်စားချေနိူင်ပါ့မလား ဆိုတာကို ကြည့်ရှု့ပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း