Howling
ရာထူးတိုးဖို့ကို အငမ်းမရလိုချင်နေတဲ့ စုံထောက်ဆန်းဂီက ကားပေါ်က မီးလောင်ပြီးသေနေတဲ့လူသေမှုတစ်ခုကို ကိုင်ခွင့်ရလာပေမဲ့ ရာထူးတိုးမဲ့အမှုမဟုတ်လောက်ဘူးဆိုပြီး မကိုင်ချင်ခဲ့ပါဘူး။ အဖွဲ့ခေါင်းဆောင်က သူ့တွဲဖက်အနေနဲ့ အမျိုးသမီးစုံထောက်အွန်းယောင်းနဲ့တွဲပေးပေမဲ့ မိန်းကလေးတွေကိုအထင်သေးကာ အွန်းယောင်းကိုလည်း လက်မခံချင်ခဲ့ပါဘူး။ ဒီလိုနဲ့ လူသေမှုကို လိုက်တူးဆွရင်း ပုံမှန်သတ်သေမှုမဟုတ်ဘဲ လူသတ်မှုဆိုတာသိသွားပြီး သူ့ရာထူးတိုးဖို့အတွက် အကူအညီဖြစ်မယ်ဆိုပြီး အထက်ကိုမတင်ပြဘဲ တစ်ဦးတည်းဆက်စုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ခွေးကိုက်သတ်ခံရပြီး လူသေမှုတစ်ခုထပ်ဖြစ်လာတဲ့အချိန် အမှု၂ခုက ဆက်စပ်နေတာမလို့ ဆန်းဂီလည်း အဖွဲ့ကိုဖုံးကွယ်လို့မရတော့ဘဲ သူစိတ်ထင်ရာလုပ်နေခဲ့တဲ့အတွက် အဆူအပြောခံခဲ့ရပါတယ်။ အမှုကိုလည်း ကိုင်ခွင့်မရှိတော့ဘဲ ကိုက်သတ်တဲ့ ခွေးကိုပဲလိုက်စုံစမ်းနေခဲ့ရပြီး အမှုမှာ ရှုပ်ထွေးမှုတွေအများကြီးပေါ်လာကာ တရားခံကိုဘယ်လိုဖမ်းဆီးသွားကြမလဲဆိုတာကိုတော့... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း