The Kindergarten
ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ဟာသနှောပြီး ရိုက်ကူးထားတဲ့ Kindergarten War ဆိုတဲ့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိထားတဲ့ ထိုင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်လို ဒစ်ဂျစ်တယ်တွေ သိပ်မထွန်းကားသေးတဲ့ ၂၀၀၀ ခုနှစ်တွေမှာ ကလေးတော်တော်များများဟာ ဒီခေတ်ကလေးတွေလို ဖုန်းနဲ့ တစ်ချိန်လုံး အချိန်ကုန်နေကြတာ မဟုတ်ဘဲ ရပ်ကွက်ထဲမှာ စုစုရုံးရုံးနဲ့ ကစားနည်းမျိုးစုံ ကစားပြီး အချိန်ကုန်လေ့ရှိတတ်ကြပါတယ်။ အဆိပ်သင့်နေတဲ့ မှိုတစ်မျိုးစားမိလို့ အရွယ်တူ ကလေးတွေထက် သုံးဆလောက် ထွားကျိုင်းနေတဲ့ အုမ်ဆိုတဲ့ ကလေးဟာ ရပ်ကွက်ထဲမှာတော့ ကင်းကောင်အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ တစ်ရက် သူ့ထက် တော်တော်လေး အတန်းကြီးတဲ့ ကျောင်းသူလေးတစ်ယောက်ကို သဘောကျမိသွားတဲ့အခါမှာတော့ သူ့သူငယ်ချင်းတွေနဲ့ ဘယ်လို ကတောက်ကဆတွေဖြစ်ပြီး ဘယ်လိုအလွဲလေးတွေ လုပ်မလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ရယ်ရယ်မောမောနဲ့ လိုက်ပါ ကြည့်ရှုပေးကြပါဦးရှင်။ ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Vicky ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း