ဇာတ်ကားများ ရွေးရန်

Death Bell 2: Bloody Camp

2010ဇာတ်ကားWeb-dl 1080p

"အထူးသတိပြုရန် - သွေးထွက်သံယိုခန်းများ ပါသဖြင့် နှလုံးအားနည်းသူများ မကြည့်သင့်ပါ။" အားရပါးရ လက်စားချေတဲ့ ဇာတ်လမ်းမျိုး ကြိုက်သူများအတွက် ဒီရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ထဲမှာဆိုရင် တကယ့်ကို နာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Yoon Shi Yoon, Park Ji Yeon (T-ARA), Park Eun Bin, Hwang Jung Eum, Ji Chang Wook, Son Ho Jun တို့အပြင် အခြားမျက်နှာသိသရုပ်ဆောင်များစွာလဲ ပါဝင်ထားပါတယ်။ လေ့ကျင့်ရေးဆင်း ဆရာမပေါက်စ ဘတ်အွန်းဆူ (Hwang Jung Eum) တစ်ယောက် ကျောင်းတစ်ကျောင်းကို ရောက်ခါစမှာပဲ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံရပါတော့တယ်။ အဲဒါကတော့ နွေပိတ်ရက်မှာ အထက်တန်း တတိယနှစ်ရဲ့ ထိပ်ဆုံး အဆင့် ၃၀ အတွက် အထူးတန်းခေါ်တဲ့နေ့ကစပြီး ရေကူးနည်းပြပါမကျန် တစ်တန်းလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီလို အသတ်ခံရတာဟာ အရင်က သတ်သေတယ်ဆိုပြီး အမှုပိတ်ခဲ့တဲ့ ရေကူးချန်ပီယံ ဂျောင်ထယ်ယွန်း (Yoon Seung Ah) နဲ့ ပတ်သက်နေမှန်း နောက်မှ သိလိုက်ရပါတော့တယ်။ ဒီဇာတ်လမ်းဟာ IMDb Rate 4.8 ပဲ ရရှိထားပေမဲ့ တကယ်ပဲ ဘာကြောင့် အသတ်ခံရတာပါလိမ့်၊ ဘယ်သူက အခုလို သတ်တာများလဲ၊ ဂျောင်ထယ်ယွန်းက မကျွတ်မလွတ်တဲ့ဘဝကနေ လာလက်စားချေတာလားဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်တထိတ်ထိတ် ခံစားကြည့်ရှုရမယ်ဆိုတာကိုတော့ အာမခံရဲပါတယ်။ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း