ဇာတ်ကားများ ရွေးရန်

Somnium

2024ဇာတ်ကားWeb-dl 1080p

စိတ်ဝင်စားစရာတွေ အဓိပ္ပါယ်ဖော်စရာတွေနဲ့ ပြည့်နေတဲ့ Sci-Fi, Thriller ရုပ်ရှင်ဖြစ်ပါတယ်။ သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်တွေနဲ့ မြို့ငယ်လေးကနေ LA ကိုပြောင်းလာတဲ့ ကောင်မလေးဂျမ်မာ...သူ့မွေးရပ်မြေမှာ သူကလွဲပြီး လူတိုင်းက နယ်မြေသစ်ကိုရွှေ့ပြောင်းဖို့ စွန့်ခွာဖို့စိတ်ကူးမရှိဘဲ မိဘလုပ်ငန်းကိုပဲ လက်လွှဲယူကြတာများပါတယ်။ ဂျမ်မာတစ်ယောက်ပဲ သူလုပ်နိုင်တယ်ဆိုပြီး ချစ်သူနဲ့ပါ လမ်းခွဲလို့ စွန့်စားထွက်လာတာပါ။ ကြားထဲမှာ အလုပ်ရှာရင်းနဲ့ Somnium ဆိုတဲ့ ဆေးခန်းမှာ အိပ်ဖန်စောင့်အလုပ်ရပါတယ်။ ပြောရရင် အဲဒီဆေးခန်းက လူတွေရဲ့အိပ်မက်ကို တကယ်ဖြစ်လာအောင်လုပ်ပေးတဲ့ နေရာတစ်ခု...Sleep pod လို့ခေါ်တဲ့ ပေါင်းချောင်ထဲ လူတွေကို ဝင်အိပ်စေပြီး သူတို့ဖြစ်ချင်တဲ့ဘဝကို ပိုင်ဆိုင်နေပြီလို့ Delulu ဖြစ်စေတဲ့ Program တစ်ခုပါ။ သေချာပေါက် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတာပေါ့။ ဂျမ်မာက အဲဒီ‌မှာ ညဘက်အစောင့်လိုမျိုး လုပ်ရင်း အိပ်မက်နဲ့လက်တွေ့ ရောထွေးသွားပြီး ထင်ယောင်ထင်မှားဖြစ်ရာကနေ သူတို့စမ်းသပ်ခံဖြစ်နေကြောင်း သိသွားတဲ့အခါ.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း