ဇာတ်ကားများ ရွေးရန်

Aftershock

2010ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ "Aftershock.2010" ဆိုတဲ့ ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန့်မြိုမှာ ဖြစ်ပွားခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ပြည်သူ နှစ်သိန်းလေးသောင်းကိုအမှတ်ရအောက်မေ့သောအားဖြင့် တင်ဆက်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Feng Xiaogangလက်ရာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "သဘာဝဘေးအန္တရာယ်ဟာ လူတိုင်းရှောင်လွှဲလို့မရနိူင်တဲ့ကပ်ဆိုးကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုကပ်ဆိုးတွေကြောင့် မိသားစုတွေဟာ သေကွဲသာမက ရှင်ကွဲပါကွဲကြရပြီး ဝမ်းနည်းနာကျင်မှုကို ခံစားကြရပါတယ်။" ဇာတ်လမ်းအကျဉ်း ယွမ်နီနဲ့ သူ့ခင်ပွန်း ဖန်းသာ့ဟာ အမြွှာကလေးနှစ်ယောက်နဲ့အတူ ထန်ရှန့်မြို့မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပါတယ်။ ၁၉၇၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ကြီးမားလှတဲ့ ငလျင်ကြီး ဖြစ်ပွားပြီး ထန်ရှန့်မြို့ကို ပြာပုံဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ယွမ်နီနဲ့ သူ့ခင်ပွန်းတို့ရဲ့ အိမ်ဟာပြိုကျပြီး ကလေးနှစ်ယောက်ဟာ အထဲမှာ ပိတ်မိနေခဲ့ပြီး ယွမ်နီရဲ့ ခင်ပွန်းဟာလည်း ငလျင်ဘေးကြောင့် သေဆုံးသွားပါတယ်။ကယ်ဆယ်ရေးတွေက ယွမ်နီကို သားနဲ့သမီး နှစ်ယောက်စလုံး မကယ်လို့ မရနိုင်ကြောင်း တစ်ယောက်ကိုပဲ ရွေးချယ်ကယ်တင်ဖို့ ပြောကြားခဲ့ပြီး မရွေးချယ်ဘဲ အချိန်ဆွဲပါက နှစ်ယောက်စလုံး သေဆုံးနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။ ရွေးချယ်စရာမရှိတဲ့ လီယွမ်နီဟာ သားဖြစ်သူကိုရွေးချယ်ရန် ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရပါတယ်။သို့သော် သမီးဖြစ်သူ ဖန်းတျန့် ဟာ အသက်ရှင်နေသေးပြီး နောက်ဆုံးမှာ မွေးစားမိဘတွေရဲ့ အိမ်မှာ ကြီးပြင်းလာရပါတယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဘဝကိုယ်စီနဲ့ ဖြတ်သန်းနေကြရင်း ၂၀၀၈ခုနှစ်တွင် ငလျင်ဘေးထပ်မံဖြစ်ပွားခဲ့သည့်အချိန်မှာ ဖန်းတျန့် တစ်ဖြစ်လည်း ဝမ်တျန့်ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လာခဲ့ပါတယ်။ထိုနေရာတွင် ထန်ရှန့်ဒေသမှ ကယ်ဆယ်ရေးအဖွဲ့ဝင်အဖြစ်လုပ်ကိုင်နေတဲ့ မောင်ဖြစ်သူနဲ့ပြန်လည်တွေ့ဆုံခဲ့ပြီး မိသားစုတွေ ပြန်လည်တွေ့ဆုံသွားခဲ့ရပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင် ဖန်းတျန့်လေးဟာ ဘာကြောင့် နှစ်ပေါင်းများစွာ ပြန်မလာခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းများနဲ့ သဘာဝဘေးအန္တရာယ်နဲ့ ဆုံလာရတဲ့အချိန်မှာ လူပေါင်းများစွာ ဒုက္ခကြုံခဲ့ရပုံများ မိသားစုပေါင်းများစွာ နာကျင်ခံစားခဲ့ရပုံများကို ရိုက်ကူးတင်ဆက်ပြသထားပြီး သဘာဝဘေးအန္တရာယ်ရဲ့ဒဏ်ကို ခံစားရသူတွေရဲ့ ဝမ်းနည်းမှု ခွန်အားနဲ့ မိသားစုနဲ့ကွေ့ကွင်းရခြင်းကြောင့် စိတ်နာကျင်ခံစားရမှု အသက်ရှင်ကျန်ရစ်သောသူတွေရဲ့ ကိုယ့်ကိုကိုယ်အပြစ်ရှိစိတ်ခံစားနေရမှုတွေကို ရိုက်ကူးပြသထားသော ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း