Lost in the Jungle
၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့မှာ ကိုလံဘီယမ်တောတွင်း လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ရက်ပေါင်း ၄၀ တိတိ အသက်ရှင်ခဲ့တဲ့ ကလေး ၄ယောက်ကို ရှာဖွေခဲ့တဲ့ မှတ်တမ်းတင်ရုပ်ရှင်ဖြစ်ပါတယ်။ လက်စလီတို့မိသားစုက ပထွေးဖြစ်သူ ဘိုဂိုတာမြို့ကို လေယာဉ်နဲ့လိုက်လာစဉ် လေယာဉ်က ကိုလံဘီယမ်တောတွင်း ပျက်ကျသွားခဲ့တယ်။ မိခင်နဲ့ လေယာဉ်မှူးတွေက နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့အတွက် ၁၃နှစ်အရွယ် အကြီးဆုံးသမီးဖြစ်တဲ့ လက်စလီက အစ်မကြီးအမိရာဆိုတဲ့အတိုင်း ၉နှစ်အရွယ် ညီမငယ် ၅နှစ်အရွယ် မောင်ငယ်တို့ရဲ့ လက်ကိုဆွဲ၊ ၁၁လအရွယ် ကလေးငယ်ကို ချီပိုးပြီး တောထဲကထွက်ဖို့ လမ်းရှာခဲ့တယ်။ လေယာဉ်ပျက်ကျရာ ကိုလံဘီယမ်သစ်တောက လူသူအရောက်အပေါက်မရှိသေးတဲ့အပြင် သစ်ပင်တွေရဲ့အမြင့်ဟာ မီတာ ၄၀လောက်ထိ ရှိပြီး သားရဲတိရစ္ဆာန်ပေါများတဲ့ မိုးသစ်တောဖြစ်တယ်။ လေယာဉ်ပျက်ကျသွားတယ်လို့ သတင်းစရချိန်မှာ လေတပ်နဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေက တောအုပ်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန်ပျံသန်းခဲ့ပေမယ့်လို့ ဘာကိုမှမတွေ့ခဲ့ကြရဘူး။ ဒီတော့ အထူးတပ်ဖွဲ့က မြေပြင်ကယ်ဆယ်ရေးဆိုပြီးဆင်းလာတယ်။ တစ်ဖက်မှာ မိသားစုနဲ့ ရင်းနှီးရာရင်းနှီးကြောင်း တိုင်းရင်းသားရှာဖွေရေးအဖွဲ့တွေကလည်း တောနင်းပြီးရှာပေးကြတယ်။ ရှာဖွေရေးအဖွဲ့ တောထဲစဝင်လာကတည်းက မိုးသက်လေပြင်းတွေကျပြီး တစ်ယောက်တည်း အဖွဲ့တွေကွဲ၊ မျက်စိလည်စေတဲ့အထိ တောခြောက်တယ်။ ဆိုင်ရာပိုင်ရာတွေကို တောင်းပန်စကားဆိုမှ အဖွဲ့သားတွေနဲ့ ပြန်ဆုံဆည်းခွင့်ပြုတယ်။ သူတို့ဘာသာ ရှာဖွေရေးဆင်းတဲ့ အထူးတပ်ဖွဲ့လည်း တောကြီးမျက်မည်းထဲ သန်းခေါင်ယံအချိန် မြစ်ဆုံမှာ အရက်ဆက်ရမယ်ဆိုလို့ အရက်သွားဆက်တဲ့အဖွဲ့ခမျာ ကြောက်ဒူးတုန်ပြီး စခန်းဆီ ပြန်ပြေးရတဲ့အထိ တောကကြမ်းတယ်။ ဒီလောက်ကြမ်းတဲ့ တောထဲမှာ ကလေး ၄ယောက် ရက်ပေါင်း ၄၀ကြာအောင် နေနိုင်တယ်ဆိုတာကလည်း ထူးတော့ထူးတယ်။ ၁၃နှစ်အရွယ် ကလေးရဲ့ တောတွင်းအတွေ့အကြုံထက် ကယ်ဆယ်ရေးလာခဲ့တဲ့ အထူးတပ်ဖွဲ့နဲ့ တိုင်းရင်းသားရှာဖွေရေးအဖွဲ့တို့ သဘာဝလွန်စွမ်းအားတွေနဲ့ ရင်ဆိုင်ရတာကို အသားပေးပြီး ဖော်ပြထားတာကို မြင်တွေ့ရပါမယ်။ နတ်ဖွက်တယ်ဆိုတဲ့ သဘောမျိုးကို ရိုက်ပြသွားတာဖြစ်တဲ့အတွက် ဒီမှတ်တမ်းတင်ရုပ်ရှင်က ကြည့်ရှုသူကို သည်းထိတ်ရင်ဖို ခံစားချက်ကို ပေးစွမ်းနိုင်တယ်။ အညွှန်းနဲ့ ဘာသာပြန်ကို LYKZ ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း