Paradha
ဒီတစ်ခါမှာတော့ ရိုးရာဓလေ့နဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ " Paradha 2025 " ပါ ဒီဇာတ်ကားမှာ အမျိုးသမီးတွေရဲ့ ဘဝကို ရှင်းလင်းစွာ ထင်ဟပ်ပြသထားပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယရဲ့ရွာတစ်ရွာမှာ အမျိုးသမီးတွေဟာ အပျိုပေါ်ဝင်ချိန်ကစပြီး ခြုံပုဝါတစ်ထည်ကို တစ်သက်လုံးခြုံကြရပါတယ် သူတို့ရဲ့မျက်နှာကို အဖေ၊ ယောက်ျား၊ သား၊ အစ်ကိုမောင်တွေကလွဲပြီး ဘယ်သူ့ကိုမှမမြင်စေရပါဘူး ဒီရိုးရာဓလေ့ရဲ့နောက်ကွယ်မှာ သမိုင်းအစဉ်အလာတစ်ခုရှိခဲ့ပါတယ် ဒီဓလေ့ကိုချိုးဖောက်ပြီး ပုဝါမခြုံတဲ့အမျိုးသမီးရှိခဲ့ရင် ရွာမှာ ကလေးအသေပဲမွေးတယ်ဆိုတဲ့ ကျိန်စာရှိခဲ့ပါတယ် ဒါကြောင့် မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ ပုဝါကိုချွတ်မိသူမှန်သမျှ ရွာရဲ့မယ်တော်ရှေ့မှာ စတေးခံကြရပါတယ် တစ်နေ့မှာတော့ မြို့ကရောက်လာတဲ့ ဓာတ်ပုံဆရာတစ်ဦးကြောင့် ထိုရွာသူတစ်ဦး ဓလေ့ထုံးတမ်းကို ချိုးဖောက်သလို ဖြစ်ခဲ့ရပါတယ် သူမ ဘာတွေဆက်ရင်ဆိုင်ရမလဲ? ဒီပြဿနာကိုရော ဘယ်လိုဖြေရှင်းသွားမလဲ? မတူညီတဲ့ ဓလေ့ရိုးရာများကို လေ့လာရမယ့်အပြင်မိန်းမသားတစ်ဦးရဲ့ဘဝနဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကိုပါ ကြည့်ရှုရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း