ဇာတ်ကားများ ရွေးရန်

5 cm

2012ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ ၂၀၁၂ မှာ ထွက်ရှိခဲ့တဲ့ 5 cm ဆိုတဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာဖရန် ၊ အာရီယယ် ၊ ဂန်တာ ၊ အီယန် ၊ ရီယာနီဆိုတဲ့ သူငယ်ချင်းငါးယောက်ဟာ ဆယ်နှစ်လုံးလုံး ခင်မင်ရင်းနှီးမှုမပျက်ဘဲ အပတ်တိုင်း အတူဆုံဖြစ်ကြတဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းလေးတွေပါ။ မိဘနောက်ခံ အသိုင်းအဝိုင်း အခြေအနေချင်း မတူကြပေမဲ့ သွားအတူလာအတူ ပေါင်းလာကြတဲ့ ဒီသူငယ်ချင်းတွေရဲ့ ခင်မင်ရင်းနှီးမှုက ကြည့်ရှုသူတို့ ကိုယ့်သူငယ်ချင်းတွေကို လွမ်းမိသွားမယ့်အထိပါပဲ။ တစ်ရက်မှာတော့ သူတို့သူငယ်ချင်းငါးယောက်နဲ့ အာရီယယ်ရဲ့ ညီမလေး အာရင်ဒါတို့ အင်ဒိုနီးရှားရဲ့ အမြင့်ဆုံးတောင်ထိပ်ကို စွန့်စားခန်းဖွင့်ပြီး တက်ဖို့လုပ်ကြတဲ့အခါမှာတော့.....။ ကြမ်းတမ်းလှတဲ့ ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ ၊ မိတ်ဆွေအစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲ ၊ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကရော ဆက်ပြီးတည်မြဲသွားမလားဆိုတာကို သူငယ်ချင်းတွေရဲ့ friendship ကို အသားပေးရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးမှာ အတူလိုက်ပါကြည့်ရှုပေးကြပါဦးရှင်။ ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Vicky ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း