ဇာတ်ကားများ ရွေးရန်

Jazz the Racing

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ​အသစ်ထွက်ထားတဲ့ ထိုင်းဘုန်းကြီးဟာသကား​လေး ဖြစ်ပါတယ်။ ​ပေါ့​ပေါ့ပါးပါးနဲ့ စိတ်အပန်း​ပြေ​​​စေမယ့်​ဖျော်​ဖြေ​ရေး ဇာတ်ကား​လေးပါ။ ဇာတ်လမ်းအစမှာ​တော့ ဦးဇင်းဂျက်တို့ ဘုန်းကြီး​​ကျောင်းက ဘုရားပစ္စည်း​တွေကို သူခိုးဝင်ခိုးရာက​နေ ဇာတ်လမ်းကို အစပြုထားပါတယ်။ သူခိုး​နောက်ကိုလိုက်ဖို့ ဆိုင်ကယ်စီးကျွမ်းတဲ့ ဦးဇင်းဂျက် ကြိုးစားခဲ့​ပေမယ့် မ​အောင်မြင်ပဲ ​သင်္ကန်းဝတ်နဲ့ ဆိုင်ကယ်စီးတာ မသင့်​တော်ဘူးဆိုကာ ကျောင်းထိုင်ဘုန်းကြီးက​နေ လူထွက်ခိုင်းပါ​တော့တယ်။ ဘုန်းကြီးလူထွက် ခွန်ဂျက်တစ်​ယောက် လူဝတ်လဲပြီး ဘန်​ကောက်ကိုတက်လာကာ ဘဝကိုရုန်းကန်ရပုံ၊ ငယ်ဖြူဘုန်းကြီးမို့ ​လောကီ​ရေးရာဘဝနဲ့ အခက်အခဲ​တွေ ရင်ဆိုင်ရပုံကို ဟာသ​နှောရိုက်ကူးထားတဲ့ ထိုင်းဟာသကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း