ဇာတ်ကားများ ရွေးရန်

Relay

2024ဇာတ်ကားWeb-dl 1080p

ဆာရာဂရန့်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးက ကုမ္ပဏီကြီးကြီးတစ်ခုရဲ့ ဂျုံပင်မျိုးစိတ်အသစ်ကိုထွင်နေတဲ့ပရိုဂရမ်တစ်ခုမှာ ပါဝင်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်။ ဂျုံပင်မျိုးအသစ်နဲ့ပတ်သက်ပြီး အစားအစာဘေးကင်းလုံခြုံရေးဆန်းစစ်ချက်ပြုလိုက်ချိန် ဂျုံအမျိုးအစားက လူတွေကို သေစေနိုင်လောက်တဲ့အထိ ဓာတ်မတည့်မှုဖြစ်စေတဲ့အပြင် ကင်ဆာဖြစ်စေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ကြောင်း အစီရင်ခံစာထွက်လာတယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးက အဲဒီအစီရင်ခံစာကို ဖုံးဖိပြီး ဂျုံပင်မျိုးကို ဖြန့်ချိဖို့လုပ်တဲ့အတွက် ဆာရာက ဆန်းစစ်ချက်အဖြေကို ခိုးယူပြီး ထွက်ပြေးသွားခဲ့တယ်။ ကုမ္ပဏီဘက်က သူ့ကိုခြိမ်းခြောက်မှုပြုလာတော့မှ ဆန်းစစ်ချက်ကို ပြည်သူကိုချမပြတော့ဘဲ ပြန်အပ်ချင်တဲ့အတွက် ရှေ့နေရုံးတွေဆီ အကူအညီလိုက်တောင်းတယ်။ ရှေ့နေရုံးတွေကလည်း သူမကို မကူညီပေးကြဘူး။ ဒီတော့ တရားမဝင်တဲ့နည်းနဲ့ ကြားခံညှိနှိုင်းရေးအဖွဲ့တစ်ခုကိုငှားပြီး စာရွက်ပြန်အပ်ဖို့ လုပ်တော့တယ်။ သူ့ကိုလိုက်မနှောင့်ယှက်ဖို့ ကြားခံအဖွဲ့ကို ညှိခိုင်းတာပေါ့။ ဒီတော့ ဆာရာရဲ့ စာရွက်စာတမ်းတွေကို ကြားခံညှိနှိုင်းရေးအဖွဲ့က ပြန်အပ်ပေးနိုင်မလား၊ သူမကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ IMDb 7.2 နဲ့ Rotten Tomatoes 78% ရထားတဲ့အပြင် မင်းသမီးချော Lily James က ဆာရာဂရန့်နေရာက ပါဝင်ထားတယ်။ Thriller/ Suspense အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို LYKZ ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း