ဇာတ်ကားများ ရွေးရန်

A Soul Haunted by Painting

1994ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၁၉၉၄ ခုနှစ်က နာမည်ကျော် ဒါရိုက်တာ Huang Shuqin ရိုက်ကူးပြီး နာမည်ကျော်မင်းသမီး ကုန်းလီ အဓိကသရုပ်ဆောင်ထားတဲ့ A Soul Haunted by Painting ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ပန်းချီဆရာဖန်းယွီလျန် ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဝမ်ယွီလျန်ဟာ ငယ်စဉ်က အပျော်မယ်ဂေဟာမှာ အစေခံအဖြစ် အလုပ်လုပ်ခဲ့ရပြီး ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲကာ နောက်ပိုင်းမှာ အကောက်ခွန်အရာရှိတစ်ဦးဖြစ်တဲ့ဖန်းကျန့်ဟွာရဲ့ ဒုတိယဇနီးအဖြစ် ရောက်ရှိခဲ့ရပါတယ်။ထိုနောက် သူဟာ သူ့မရဲ့ နာမည်ကို ဖန်းယွီလျန်ဟုပြောင်းလဲပြီး ရှန်ဟိုင်း အနုပညာကောလိပ်မှာ ပန်းချီပညာကို စတင်သင်ယူခွင့်ရခဲ့ပါတယ်။ထိုမှတစ်ဆင့် သူ့ရဲ့ ထူးချွန်တဲ့ ပါရမီနဲ့ ဇွဲလုံ့လတို့ကြောင့် ပါရီ/ပဲရစ်မြို့ကို ပန်းချီပညာဆည်းပူးဖို့ သွားရောက်နိုင်ခဲ့ပါတယ်။ သို့သော် သူမရဲ့ အနုပညာလက်ရာတွေနဲ့ ပွင့်လင်းမြင်သာရှိတဲ့ ပန်းချီလက်ရာများကြောင့် ထိုခေတ် တရုတ်လူနေမှုအသိုင်းအဝိုင်းရဲ့ ဝေဖန်ရှုံ့ချမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဖန်းယွီလျန်၏ ဘဝဖြတ်သန်းရသော အခြေအနေများ ခေတ်ကာလရဲ့ ကန့်သတ်မှုတွေကြားမှာ အမျိုးသမီးတစ်ယောက်ရဲ့ ပန်းချီပညာအတွက် ကြိုးစားရုန်းကန်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ အပြစ်တင်ရှုံ့ချမှုတွေကို ကျော်လွှားပြီး ပန်းချီပညာရှင်အဖြစ် နာမည်ကျော်ကြားလာပုံတွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ A Soul Haunted by Painting ဇာတ်ကားလေးဟာ ပန်းချီရှင်တစ်ဦးရဲ့ရုန်းကန်ခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကိုရိုက်ကူးပြသထားသည့်ရုပ်ရှင်အနုပညာလက်ရာတစ်ခု ဖြစ်ပြီး ပန်းချီ အနုပညာနဲ့ သမိုင်းဝင်ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း