ဇာတ်ကားများ ရွေးရန်

Voice of a Murderer

2007ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ 1991ခုနှစ်ကဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှုအကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဟန်ဂယောင်းဘယ်ကတော့ DBCသတင်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီး နာမည်ကြီးတဲ့လူတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်တဲ့လူအဖြစ် မှတ်ယူထားပြီး ချစ်ခင်တဲ့လူလည်းများသလို လူမုန်းလည်းများပါတယ်။ သူ့ဆီမှာ ဆန်းဝူ လို့ခေါ်တဲ့ အသက် ၉နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီး အဝလွန်နေသလိုဖြစ်နေတာမလို့ သူ့အမေက ကစားကွင်းမှာ နေ့တိုင်း ကြိုးခုန်ခိုင်းပါတယ်။ တစ်ညနေတော့ ကြိုးခုန်ဖို့သွားတဲ့ ဆန်းဝူလေး ပြန်မလာတော့ဘဲ ပြန်ပေးသမားရဲ့ဖုန်းပဲ ဝင်လာခဲ့ပါတော့တယ်။ မိဘတွေလည်း သားဇောနဲ့ ပြန်ပေးသမားခိုင်းတာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း