Dasim
ဒီတစ်ခါမှာတော့ သည်းထိတ်ရင်ဖို horror ကားတွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် ၂၀၂၅ မှာမှ ထွက်ရှိထားတဲ့ Dasim ဆိုတဲ့ အင်ဒိုနီးရှား horror ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အိမ်ထောင်သက်တမ်း ၆ လပဲရှိသေးတဲ့ Arman နဲ့ Salma တို့ ကြင်စဦးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြသူတွေဖြစ်တာကြောင့် အများအမြင်မှာရော အိမ်ထောင်ရေးမှာပါ သာသာယာယာနဲ့ အစစအရာရာ အဆင်ပြေချောမွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ Salma တစ်ယောက် ကိုယ်ဝန်စလွယ်ရတဲ့ အချိန်မှာတော့ ညတိုင်းလိုလို လေးလဆက်တိုက် အိမ်မက်ဆိုးတွေ မက်ပါတော့တယ်။ ဒီလိုနဲ့ Salma တစ်ယောက် အိမ်ထဲမှာ တစ်ယောက်တည်းနေရတာကို မသိုးမသန့်ဖြစ်လာပြီး မမြင်နိုင်တဲ့ အရာတစ်ခုခုက သူတို့နဲ့အတူ အိမ်ထဲမှာရှိနေတယ်လို့ ခံစားရတာကြောင့် လင်မယားနှစ်ယောက်လုံး Arman ရဲ့ အမေဖြစ်သူအိမ်ကို ပြောင်းနေခဲ့ကြပါတယ်။ ဒါပေမဲ့ လူလေးယောက်တောင်ရှိတဲ့ အဲဒီအိမ်မှာလည်း Salma ရဲ့ အိမ်မက်ဆိုးတွေက ပျောက်မသွားဘဲ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေကို အိမ်သားတွေပါ ကြုံလာရတဲ့ အခါ......။ ဒီကြောက်စရာကောင်းတဲ့ သဘာဝလွန်အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေတယ်ဆိုတာကို ဒီရုပ်ရှင်လေးကို ကြည့်ရင်း အဖြေရှာလိုက်ရအောင်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Vicky ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း