Code 3
Paramedic (ဆေးဘက်အကူ)တစ်ယောက်ရဲ့ ဘဝနဲ့ အခက်အခဲတွေကို လက်တွေ့လောကနဲ့ယှဉ်ပြီး အပြည့်အစုံ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Rating ကောင်းတာမို့ သေချာကြည့်သင့်ပါတယ်။ ရန်ဒီဟာ လုပ်သက်တော်တော်ကြာနေပြီဖြစ်တဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုက ဆေးအကူတစ်ယောက်ဖြစ်ပြီး 24-နာရီအဆိုင်းနဲ့ နေ့စဉ် သေလုမျောပါးလူနာတွေကို အရေးပေါ်ကုပေးပြီး ဆေးရုံကို ခေါ်သွားပေးရပါတယ်။ ရန်ဒီတို့အလုပ်က Code 3(အရေးပေါ်အခြေအနေ Level အမြင့်ဆုံး) တွေပဲများတဲ့အတွက် ကိုယ့်လက်ထဲမှာ လူနာသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေ ပုံရိပ်တွေက တစ်သက်လုံး ခေါင်းထဲစွဲကျန်နေတော့တာပါ။ ဒီကြားထဲ ဆရာဝန်တွေ သူနာပြုတွေက အဖက်မတန်သလို နှိမ်တာ အာဏာပြတာတွေပါ ခံရလို့ ရန်ဒီက သူ့အလုပ်ကြီးကို စိတ်ကုန်နေပါပြီ။ ဒါကြောင့်ပဲ ရန်ဒီက အလုပ်ပြောင်းဖို့ ထွက်စာတင်ပြီး သူ့နောက်ဆုံးနေ့ အလုပ်ဆင်းဖို့ပြင်ပါတယ်။ အဲဒီမှာပဲ သူတို့ field ထဲက ကွင်းဆင်းကျောင်းသူနဲ့ အတူသွားရပါတယ်။ ဒီကျောင်းသူက ဉာဏ်ကောင်းပြီး သိချင်စိတ်များတဲ့အတွက် တစ်နေ့လုံးကြုံရသမျှ အရေးပေါ်တွေမှာ ရန်ဒီကို မေးမြန်းနေခဲ့ပါတယ်။ လူနာမျိုးစုံ အကြောင်းအရာမျိုးစုံဆိုတော့ ဖြေရှင်းနည်းကလည်း အခြေအနေလိုက်ပြီး အမျိုးမျိုးပါပဲ။ နောက်ဆုံးမှာ စနစ်ကို ဘယ်လောက်ပဲမကြိုက်ပါစေ paramedic အလုပ်နဲ့ တစ်သားတည်းဖြစ်နေတဲ့ ရန်ဒီက သူ့အလုပ်ကို မစွန့်လွှတ်နိုင်ဘဲ ပြန်လာမှာပါ။ အလုပ်အပင်ပန်းဆုံးနဲ့ လခအနည်းဆုံးဖြစ်တဲ့ ဆေးအကူတွေရဲ့ စိတ်ပင်ပန်းမှုတွေ ခံနိုင်ရည်တွေ ကြိုးစားအားထုတ်မှုတွေကို ပီပြင်အောင် သရုပ်ဖော်ထားတာမို့ စာနာနားလည်နိုင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း