The Grandmaster Of Kungfu
ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ The Grandmaster Of Kung Fu (2019) ဆိုတဲ့ တရုတ်ကွန်ဖူးလောကရဲ့ သမိုင်းဝင် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်တဲ့ ဟော်ယွမ်ကျားအကြောင်းကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ချင်းမင်းဆက်နှောင်းပိုင်းကာလမှာ ဂျပန်တွေဟာ တရုတ်နိုင်ငံကို ကျူးကျော်ဖို့ ကြိုးစားလာခဲ့ကြပါတယ် အထူးသဖြင့် သိုင်းပညာရှင်များ စုဝေးရာ ဗဟိုအသင်းချုပ်ရှိတဲ့ ထျန်းကျင့်မြို့ကို သိမ်းပိုက်နိုင်ရန် ပစ်မှတ်ထားလုပ်ဆောင်ခဲ့ကြပါတယ်။ထို့ကြောင့် ဂျပန်တွေဟာ ထျန်းကျင့်မြို့မှာ ဟုန်ဟွာသိုင်းသင်တန်းကျောင်းကို ဖွင့်လှစ်ပြီး ဒေသခံ ကိုယ်ခံပညာရှင်အသင်း၏ အသင်းဥက္ကဌကို သတ်ဖြတ်ကာ ကိုယ်ခံပညာရှင်များကို ဖိနှိပ်ချေမှုန်းရန် ကြိုးပမ်းခဲ့ကြပါတော့တယ်။ဒီလိုအခြေအနေနဲ့ ကြုံတွေ့လာရတာကြောင့် ထျန်းကျင့်မြို့ရဲ့ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်တဲ့ ဟော်ယွမ်ကျားဟာ ဂျပန်တို့ရဲ့ ရည်မှန်းချက်ကို တားဆီးကာကွယ်ဖို့အတွက် ဂျပန်စစ်ခေါင်းဆောင်တစ်ဦးနဲ့ အသက်ရင်းပြီးတိုက်ခိုက်ရမယ့် ပြိုင်ပွဲကို ရင်ဆိုင်ခဲ့ရပါတော့တယ်။သို့သော် နယ်ချဲ့အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ပြိုင်ပွဲဟာ တရားမျှတမှုမရှိတဲ့အခါမှာတော့ ဟော်ယွမ်ကျား တစ်ယောက် ယုတ်မာကောက်ကျစ်တဲ့သူတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ... ပြိုင်ပွဲမှာရော အနိူင်ရရှိပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ The Grandmaster Of Kung Fu 2019ဆိုတဲ့ ဇာတ်ကားလေးဟာ တရုတ်ကွန်ဖူးရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာ တရုတ်လူမျိုးတွေရဲ့ နိုင်ငံချစ်စိတ်နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှုအမှတ်အသားကို အသက်နဲ့ရင်းကာ ထိန်းသိမ်းကာကွယ်ခဲ့တဲ့ အကြောင်းအရာတွေကို မြင်သာအောင်ရိုက်ကူးပြသထားသော ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း