ဇာတ်ကားများ ရွေးရန်

Thugs of Hindostan

2018ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါမှာတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Amitabh Bachchan နဲ့ Aamir Khan တို့ရဲ့ Thugs of Hindostan ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးသွားမှာပါ 2018 တုန်းကထွက်ခဲ့တဲ့ လက်ရာမြောက်ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ထူးထွေညွှန်းပေးစရာလိုမယ်မထင်ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလိပ်တွေကြောင့် မိသားစုပြိုကွဲကာ စစ်သူကြီးအာဇက်နဲ့အတူ ထွက်ပြေးခဲ့ရတဲ့ မင်းသမီးလေးဇာဖီရာတို့ရဲ့အကြောင်းပါ သူတို့ရဲ့ လွတ်လပ်ရေးကို တိုက်ယူနေတဲ့ကာလမှာ လူလိမ်တစ်ဦးဖြစ်တဲ့ ဖီရန်ဂီနဲ့တွေ့ဆုံခဲ့ပါတယ် မိမိအကျိုးတစ်ခုကိုသာကြည့်ပြီး နိုင်ငံချစ်စိတ်မရှိတဲ့ ဖီရန်ဂီ နဲ့ နိုင်ငံ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့သူတို့ ဘယ်လိုခရီးသွားကြမလဲ ဖီရန်ဂီကရော ပြောင်းလဲသွားမှာလား ဒါမှမဟုတ် အင်္ဂလိပ်ဘက်တော်သားဆက်ဖြစ်နေမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ရသမျိုးစုံခံစားရင်း ရင်သပ်ရှုမောစွာ စောင့်ကြည့်ပေးကြပါရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း