ဇာတ်ကားများ ရွေးရန်

Ghaati

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ခရိုနီလူတစ်စုက တောင်တန်းဒေသမှာ ဆေးခြောက်လုပ်ငန်းကို ဒေသခံတောင်တန်းသားတွေအပေါ် ခေါင်းပုံဖြတ်ပြီး အမြတ်ကြီးစားနေတဲ့ အကြောင်းပဲဖြစ်ပါတယ်။ မူယစ်ဆေးတိုက်ဖျက်ပေးရမယ့် ရဲတွေကလည်း နောက်ကွယ်မှာ ခရိုနီတွေရဲ့ လက်ပါးစေဖြစ်နေတယ်။ ဒေစီရာဂျူး နဲ့ ရှီလဗာသီ တို့ချစ်သူနှစ်ဦးက တောင်တန်းသားတွေဆိုပေမယ့် ဆေးခြောက်အလုပ်ကို မလုပ်ဘဲ မြို့ပေါ်မှာ လုပ်ကိုင်စားသောက်နေတယ်။ တန်ဖိုးရှိတဲ့ ဆေးခြောက်ရဲ့ အကျိုးအမြတ်တွေကို ခရိုနီတွေက အကျိုးခံစားရပေမယ့် တကယ်စိုက်ပျိုးပြီး သယ်ပို့ရတဲ့ ဒေသခံ တောင်တန်းသားတွေရဲ့ဘဝကတော့ ဆင်းရဲတွင်းက ရုံးမထွက်နိုင်ဆဲပါပဲ။ ရှီလဗာသီတို့ချစ်သူနှစ်ဦးက တောင်တန်းသားတွေရဲ့ အနာဂတ်အတွက် ထိုဒေသကိုပြန်လာပြီး ဘယ်လိုတွေ စီမံမလဲ။ အင်အားကြီးတဲ့ ခရိုနီတွေကို ရင်ဆိုင်ရမယ့်အတွက် ဘာတွေပေးဆပ်ရမလဲ။ ဘယ်လို ဒုက္ခတွေ ကြုံတွေ့ရမလဲဆိုတာကို ဒေသခံတွေရဲ့ သနားစရာဘဝလေးတွေကို ပေါ်လွင်စွာ ပြသထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒေစီရာဂျူး အဖြစ် မင်းသား Vikram Prabhu နဲ့ ရှီလဗာသီ အဖြစ် မင်းသမီး Anushka Shetty တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း