ဇာတ်ကားများ ရွေးရန်

The Toxic Avenger

2023ဇာတ်ကားWeb-dl 1080p

1984 ခုနှစ်ကရုပ်ရှင်ကို remake ပြန်ရိုက်ထားပြီး မူလလက်ရာလည်း မပျောက်ဘူးလို့ ချီးကျူးခံရပါတယ်။ အဆိပ်သင့်စေတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေနဲ့ ထိတွေ့မိပြီး အသွင်ပြောင်းသွားလို့ Toxic Avenger လို့ခေါ်တာပါ။ Body Horror ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေက နည်းနည်းကြမ်းပါတယ်။ ဇာတ်လမ်းအစမှာ ထရိစ်က ဝိတ်ရဲ့ပထွေးဖြစ်ပြီး ဝိတ်ရဲ့အမေ ဆုံးသွားပြီးတည်းက သူတို့နှစ်ယောက်ဆက်ဆံရေးက အေးစက်နေပါတယ်။ ထရိစ်ကတော့ ဝိတ်ကို သားအရင်းလို ဂရုစိုက်ပေမယ့် ကောင်လေးက သူ့ရဲ့အကျင့်စရိုက်ကို သဘောမကျပါဘူး။ အဲဒီအချိန်မှာပဲ ထရိစ်က တစ်နှစ်ပဲခံမယ့်ရောဂါဖြစ်ပြီး သူ့အလုပ်ကပေးတဲ့အာမခံက ဆေးဖိုးမတွက် မကာမိလို့ ဒုက္ခရောက်နေပါတယ်။ ဒီနေရာမှာ ထရိစ်အစောင့်လုပ်တဲ့ BTH ဆေးကုမ္ပဏီက လူကြီးတွေကို ခါးပိုက်ဆောင်ထဲထည့်၊ လူဆိုးဂိုဏ်းတွေနဲ့ပေါင်းပြီး မြို့ကို သူတို့စိတ်ကြိုက်ခြယ်လှယ်နေတာပါ။ ကြံရာမရတဲ့ထရိစ်ကလည်း ‌သူ့အလုပ်ကနေ ငွေခိုးရင်း ဂိုဏ်းသားတွေသတ်ပြီး စွန့်ပစ်တာခံရပါတယ်။ ဒါပေမဲ့ BTH က toxic chemicals တွေနဲ့ထိတွေ့မိပြီး ထရိစ်က မျိုးဗီဇပြောင်း စွမ်းအားကြီး Monster ဖြစ်သွားပါတယ်။ သူ့ရဲ့ပုံစံအသစ်နဲ့ BTH ရဲ့လူယုတ်မာစီအီးအိုနဲ့ ကြံရာပါတွေကို မိုက်ဇာတ်သိမ်းပေးမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း