ဇာတ်ကားများ ရွေးရန်

Junior

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းလေးကတော့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးပါ။ အသက်ကြီးမှ ကလေးရခဲ့တဲ့ ကိုဒန်ဒါတို့ လင်မယားက လူတွေရဲ့လှောင်ပြောင်မှုကို ရှောင်ဖို့ အဝေးကို ထွက်သွားပြီး အာဘီ ဆိုတဲ့ သားလေးကို မွေးခဲ့ပေမဲ့ မိခင်ကတော့ မွေးပြီးပြီးချင်း ဆုံးပါးသွားခဲ့တယ်။ ကိုဒန်ဒါက အာဘီကို ချစ်လွန်းလို့ ချုပ်ချယ်သလိုဖြစ်လာတဲ့အခါ အရွယ်ရောက်လာတဲ့ အာဘီဟာ အဖေ့အရိပ်အောက်က ရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်။ အာဘီတစ်ယာက် ကျောင်းပြီးလို့ အလုပ်သင်အနေနဲ့ ဝင်ရတဲ့ကုမ္ပဏီရဲ့ CEO မမနဲ့ အလုပ်စဝင်တဲ့နေ့မှာ အမြင်စောင်းစရာတွေဖြစ်ခဲ့တယ်။ CEO မမက အာဘီတို့ မိသားစုနဲ့ ပတ်သက်မှုရှိနေတာ သိသွားတဲ့ အာဘီတစ်ယောက် ဘာတွေလုပ်မလဲ။ CEO မမက အာဘီတို့နဲ့ ဘယ်လိုပတ်သက်တာလဲ ဆိုတာကို ထင်မထားတဲ့ လှည့်ကွက်တွေနဲ့အတူ အာဘီအဖေရဲ့ မေတ္တာတရားကြီးမားပုံနဲ့တကွ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာဘီ အဖြစ် မင်းသား Kireeti Reddy နဲ့ စပေါ်တီအဖြစ် မင်းသမီး Sreeleela တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း