ဇာတ်ကားများ ရွေးရန်

Kaavalan

2011ဇာတ်ကားအမှတ် 7/10Blu-ray 1080p

2010 -2015 က ဇာတ်ကားကောင်းတွေ များစွာထွက်ခဲ့တဲ့ နှစ်တွေပါ Old but gold ဆိုတဲ့အတိုင်း ဇာတ်ကားဟောင်း ဇာတ်ကားကောင်းတွေ ကြည့်ချင်သူများအတွက် " Kaavalan 2011 " နဲ့ မိတ်ဆက်ပေးပါရစေ Casting တွေကတော့ အားလုံးသိကြတဲ့ မင်းသား Vijay နဲ့ မင်းသမီး Asin ပါ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဇာတ်လမ်းတစ်ခုလို အစပြုထားပေမဲ့ အဆုံးအထိ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဆွဲဆောင်သွားနိုင်တာကတော့ ဒီဇာတ်ကားရဲ့ထူးခြားချက်ပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ရွာကငပွေးလေး ဘူမိဟာ သူဌေးသမီးလေး မီရာရဲ့ သက်တော်စောင့်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပုံပါ သက်တော်စောင့်ကို မကြိုက်တဲ့ သူဌေးသမီးလေးက သူ့ကိုပုံစံပြောင်းဖို့ကြိုးစားရင် ကိုယ်တိုင်ချစ်မိသွားချိန်မှာတော့ ... သူဌေးကို သိပ်လေးစားတဲ့ သက်တော်စောင့်လေး ဘူမိကရော မီရာ့ကိုပြန်ကြိုက်မှာလား? သူတို့ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲ? ဒီဇာတ်လမ်းလေးမှာ ပျော်ရွှင်‌စွာနဲ့ ပေါ့ပေါ့းပါးပါးကြည့်ရှုရင်း ဘဝအမောတွေပြေနိုင်ကြပါစေနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း