Steve
Oscar မင်းသား Cillian Murphy ရဲ့ mental breakdown ဖြစ်နေတဲ့ ဆရာတစ်ယောက်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အစပိုင်းဇာတ်ဝင်ခန်းတွေမှာ ဘာမှန်းမသိ ကြည့်ရတာ ဗြောင်းဆန်သလိုဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားမယ့် Drama အမျိုးအစားပါ။ စတိဖ်က ကျောင်းအိပ်ကျောင်းစားနေရတဲ့ ပြင်ပကျောင်းက ဆရာတစ်ဦးဖြစ်ပြီး သူသင်ပေးရတဲ့ကျောင်းက တကယ့်ဆိုးသွမ်းလူငယ်ယောကျာ်းလေးတွေ ဇိုးတွေကို ထိန်းကျောင်းပေးရတဲ့ကျောင်းဖြစ်ပါတယ်။ စတိဖ်ကိုယ်တိုင်က မတော်တဆမှုတစ်ခုကြောင့် စိတ်ဒဏ်ရာရနေပေမယ့် မိဘဆွေမျိုးတွေက စွန့်ပစ်ထားတဲ့ ကောင်လေးတွေကို သံယောစဉ်ဖြစ်ပြီး တတ်နိုင်သလောက် ကယ်တင်ချင်တဲ့သူပါ။ လူဆိုးတွေချည်းစုထားတဲ့နေရာဆိုတော့ ထစ်ကနဲရှိ ရန်ပွဲတွေ ပြဿနာတွေနဲ့ တစ်နေ့တစ်နေ့ အေးဆေးတဲ့နေ့ကိုမရှိပါဘူး။ စတိဖ်လိုပဲ ဒီကျောင်းက ဆရာဆရာမဝန်ထမ်းတွေက စေတနာနဲ့ဝါသနာကြောင့်သာ ဆက်လုပ်နေကြတာပါ။ အကျပ်အတည်းတွေဖြစ်နေတဲ့ကြားက အကျိုးမရှိဘူးဆိုပြီး အခွန်ပေးနေရတဲ့ပြည်သူတွေ ဝေဖန်ရေးသမားတွေကြောင့် ကျောင်းကိုပိတ်ဖို့ အခြေအနေဖြစ်လာတဲ့အခါ စတိဖ်တစ်ယောက် ကူကယ်ရာမဲ့နေတဲ့ ကလေးတွေကို ဘယ်လိုဆက်ကူညီရမလဲဆိုပြီး ပူပန်သောကရောက်နေတာကို မြင်ရမှာပါ။ ဇာတ်ကားနာမည်က Steve ဆိုပေမယ့် တကယ်တမ်း ဆရာတွေနဲ့ ကျောင်းသားတွေကြားက ဆက်ဆံရေးနဲ့ ဂရုစိုက်ပုံတွေ လမ်းမှားရောက်သွားတဲ့ ကလေးတွေဘက်ကအမြင်တွေကိုပါ အင်တာဗျူးသဘောမျိုး ထည့်ထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း