ဇာတ်ကားများ ရွေးရန်

Maadeva

2025ဇာတ်ကားWeb-dl 1080p

ကြမ်းရမ်းနေတဲ့ Drama ကနေ မထင်မှတ်ဘဲ ချစ်ဖို့ကောင်းပြီး သဘောကျမိတဲ့ဇာတ်ကားလေးပါ လူသတ်ကားမှ ကြိုက်တယ်ဆိုတဲ့သူတွေရော... အချစ်တွေ၊ အနုအရွတွေမှကြိုက်တယ်ဆိုတဲ့ ပရိတ်သတ်ကြီးရော အတူပေါင်းကြည့်လို့ရပါတယ် ( တကယ်ထင်မထားတဲ့ combo ပါပဲ TT ) " Maadeva 2025 " ပါ ငယ်စဉ်ကတည်းက ဆွေမျိုးတွေရဲ့ ဆိုးဝါးတဲ့နှိပ်စက်မှုကိုခံရပြီး ကြီးလာတော့လည်း ခံစားချက်မရှိ ညှာတာမှုကင်းတဲ့ အကျဉ်းထောင်ရဲ့ကွပ်မျက်သူ မာဒေဝါရဲ့အကြောင်းပါ ခံစားချက်မဲ့တဲ့အတွက် ဘယ်သူ့ကိုမှမကူညီ၊ မသနားဘဲ ကွပ်မျက်ပြီးသားအလောင်းတွေရဲ့ရှေ့မှာတောင် ထမင်းစားဝင်တဲ့သူမျိုးပါ တစ်နေ့ မတရားမှုတစ်ခုကြောင့် မိခင်ဖြစ်သူထောင်ကျသွားတဲ့အတွက် လွတ်မြောက်အောင်ကြိုးပမ်းနေသူ ပါပတီတစ်‌ယောက် ရောက်လာပါတယ် မိခင်ကို နေ့စဉ်ထမင်းပို့ချင်တဲ့အတွက် ကျောက်တုံးလူသားကြီး မာဒေဝါကို အကူညီတောင်းရတဲ့အခါမှာတော့... ကျောက်တုံးကြီးရဲ့နှလုံးသားက ယိုင်နဲ့လာပါ့မလား? သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမှာလဲ ? ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတတ်တဲ့လောကကြီးမှာ မိမိပြုသမျှ မကောင်းမှုတွေကိုပေးဆပ်ရစမြဲပါ မာဒေဝါကရော ဝဋ်ကြွေးတွေပေးဆပ်ရမှာလား? ချစ်စရာ၊ ကြောက်စရာ၊ သနားစရာ၊ ဒေါသထွက်စရာ ခံစားချက်မျိုးစုံပေးနေတဲ့ ဒီဇာတ်ကားကိုတော့ လက်မလွှတ်တမ်းကြည့်ကြဖို့ ညွှန်းပေးလိုက်ရပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း