ဇာတ်ကားများ ရွေးရန်

Warrior

2024ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဒီတစ်ခေါက် M-Sub ပရိတ်သတ်ကြီးအတွက် Doomsday.Warrior.2024 (末日战士) ဆိုတဲ့ Action, Adventure, Romance, Sci-Fi ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လပေါ်အခြေစိုက် အာကာသစခန်း 012ဟာ အမည်မသိလျှို့ဝှက်စွမ်းအင်များပါဝင်သည့် ဂြိုဟ်သားယာဉ်တစ်စီး၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ဂြိုဟ်သားယာဉ်၏ လျှို့ဝှက်စွမ်းအင်များနဲ့အတူ အပိုင်းအစများအဖြစ် ကမ္ဘာမြေပေါ်သို့ ကျရောက်လာခဲ့ပါတယ်။ ထိုဖြစ်စဉ်ကို စစ်ဆေးစုံစမ်းရာမှ ဂြိုဟ်သားအာကာသယာဉ်နဲ့အတူပါလာသော လျှို့ဝှက်စွမ်းအင်တွေဟာ ကမ္ဘာ့ရေအရင်းအမြစ်များကို ခိုးယူနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ထို့ကြောင့် ကမ္ဘာ့ရေအရင်းအမြစ် မပျောက်ကွယ်သွားရန်နှင့် ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် ထူးခြားတဲ့ သဘာဝလွန်စွန်းအားရှိသူတွေဟာ ကမ္ဘာပျက်ကပ်ရဲ့ စစ်သည်တော်ဆိုတဲ့အဖွဲ့ကို ဖွဲစည်းကာ ဂြိုဟ်သားများရဲ့လျှို့ဝှက်နယ်မြေထဲကို ၀င်ရောက်ဖို ကြိုးစားခဲ့ပါတော့တယ်။ဂြိုဟ်သားတွေရဲ့ နယ်မြေထဲကို ဝင်ရောက်သွားတဲ့ ကမ္ဘာပျက်ကပ်ရဲ့ စစ်သည်တော်အဖွဲ့ဟာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ...ထိုအန္တရာယ်တွေကိုရော အောင်အောင်မြင်မြင် ကျော်လွှားနိူင်ပါ့မလား....?ဂြိုဟ်သားတွေက ဘာကြောင့် ရေအရင်းအမြစ်တွေကို ယူဆောင်ဖို့ လုပ်ရတာလဲ..? နောက်ဆုံးမှာ ကမ္ဘာ့ကြီး ပျက်သုန်းပြီး လူသားတွေ သေကြေမှုကနေ ကယ်တင်နိုင်ပါ့မလား ...ဆိုတာကို ဒီဇာတ်ကားလေးနဲ့အတူ ကြည့်ရှု့ခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း