War 2
ဒီဇာတ်ကားလေးကတော့ WAR season 2 ဇာတ်ကားလေးလို့ ပြောလို့ရပါတယ်။ ပါဝင်တဲ့ မင်းသားမင်းသမီးတွေကတော့ နာမည်ကြီးတွေချည်းပဲမို့ အရမ်းကြည့်လို့ကောင်းပါတယ်။ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ R&AW အတွက် အလုပ်လုပ်ကိုင်နေတဲ့ ထိပ်တန်း ထောက်လှမ်းရေးအရာရှိ ကာဘီ ဟာ နိုင်ငံတကာက ထိပ်တန်းခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ဒုစရိုက်အဖွဲ့ဖြစ်တဲ့ ကာလီဆိုတဲ့ အဖွဲ့ကို ထောက်လှမ်းဖို့ သူလျှိုဝင်ခဲ့တယ်။ R&AW ဘက်က ကာလီကို သစ္စာဖောက်လို့ သတ်မှတ်ပြီး သူ့ကိုဖမ်းဖို့ အလားတူ အရည်အချင်းရှိတဲ့ ဗစ်ခမ် ကို တာဝန်ပေးလိုက်တယ်။ ဖြစ်ချင်တော့ ကာလီနဲ့ ဗစ်ခမ်က ငယ်ငယ်တုန်းက လမ်းပေါ်မှာ အတူကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေဖြစ်နေခဲ့တယ်။ ဒါဆို သူတို့နှစ်ယောက်က ဘာလို့ ကွဲသွားတာလဲ။ ဒီအကြောင်းရင်းက ဇာတ်လမ်းရဲ့ အဓိက ကျောရိုးဖြစ်ပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်ဖြစ်ပြီး ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာကို အရမ်းမိုက်တဲ့အက်ရှင်ခန်းတွေနဲ့ ကြည့်လို့အရမ်းကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကာဘီ အဖြစ် မင်းသား Hrithik Roshan ၊ ဗစ်ခမ် အဖြစ် မင်းသား N. T. Rama Rao Jr နဲ့ ကာဗီရာ အဖြစ် မင်းသမီး Kiara Advani တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း