ဇာတ်ကားများ ရွေးရန်

Vicious

2025ဇာတ်ကားWeb-dl 1080p

Dakota Fanning အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာ လျှို့ဝှက်ဆန်းကြယ်မှုတွေများပြီး ဝေဖန်မှုတွေရနေလို့ ကိုယ်တိုင်ကြည့်ရှုသုံးသပ်ပေးပါဦး။ အေးခဲတဲ့ညတစ်ညမှာ တစ်ယောက်တည်းနေတဲ့ ပေါ်လီရဲ့အိမ်ကို ထူးထူးဆန်းဆန်း အဘွားကြီးတစ်ယောက် ရောက်လာပြီး သေတ္တာတစ်လုံး လက်ဆောင်ပေးသွားပါတယ်။ ပေါ်လီက သေရတော့မှာဆိုပြီး ပြောသွားတဲ့အတွက် ပေါ်လီတစ်ယောက်စိတ်ခြောက်ခြားလာပြီး သေတ္တာက ခိုင်းတဲ့အတိုင်း လုပ်မိပါတယ်။ ပေါ်လီကို သူမုန်းတဲ့အရာ၊ လိုအပ်တဲ့အရာနဲ့ ချစ်တဲ့အရာ သုံးမျိုးကို သေတ္တာထဲထည့်ခိုင်းတာပါ။ ပေါ်လီက သူခိုင်းသလိုလုပ်ပေမယ့် မလွတ်မြောက်နိုင်ဘဲ အတိတ်က မှတ်ဉာဏ်အပိုင်းအစတွေနဲ့ စကားသံတွေကြားထဲ လှောင်ပိတ်မိနေပြီး ဆောက်တည်ရာမရဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ သူချစ်တဲ့သူတွေကို မဆုံးရှုံးရဖို့ ပေါ်လီတစ်ယောက် ဒီအိပ်မက်ဆိုးကနေ နိုးထအောင် ဘယ်လိုကြံဆောင်မလဲဆိုတာကတော့... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း